ဇာတ်ကားများ ရွေးရန်

Cuckoo

2024ဇာတ်ကားWeb-dl 4K SDR

Horror ပရိသတ်တွေအတွက် Cuckoo ဆိုတဲ့ IMDb Rating 6.2 အထိရရှိထားတဲ့သည်းထိပ်ရင်ဖိုဇာတ်ကားကောင်းလေးတစ်ကားကိုထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ဂရက်ချန်လို့ခေါ်တဲ့ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက်ကအဖေဖြစ်သူနဲ့အမေရိကန်ကနေ ဥရောပကိုပြောင်းလာပါတော့တယ်။သားအဖနှစ်ယောက်တည်းတော့မဟုတ်ပါဘူး။မိထွေးဖြစ်သူနဲ့ဖအေတူမအေကွဲညီမအယ်လ်မာတို့ပါပါသေးတယ်။အဖေဖြစ်သူကဆောက်လုပ်ရေးအစီအစဉ်တွေဆွဲတဲ့လူဖြစ်တဲ့အတွက်ဟိုးအရင်ကအလုပ်လုပ်ခဲ့ဖူးတဲ့နာမည်ကြီးအပန်းဖြေစခန်းတစ်ခုမှာ အလုပ်ပြန်လာလုပ်ရင်းတစ်ခါတည်းအိမ်ပြောင်းလာခဲ့တာဖြစ်ပြီး ဂရက်ချန်ကတော့အမေဖြစ်သူနဲ့ပဲနေချင်နေတာဖြစ်ပါတယ်။အဲ့ဒါကြောင့်အခွင့်အရေးရရင်ပြန်လစ်ဖို့အမြဲတမ်းကြံနေပါတော့တယ်။ဒါပေမယ့်အဲ့လိုလုပ်ဖို့အတွက်ပိုက်ဆံလိုတဲ့အတွက်သူ့အဖေအလုပ်ရှင်ကမ်းလှမ်းတဲ့အပန်းဖြေစခန်းကောင်တာထိုင်တဲ့အလုပ်ကိုလက်ခံလိုက်ပါတော့တယ်။စစချင်းတုန်းကတော့အရာရာအဆင်ပြေနေခဲ့ပေမဲ့ အဲ့ဒီမြို့နဲ့အပန်းဖြေစခန်းမှာ ထိတ်လန့်စရာကောင်းတဲ့ဖြစ်ရပ်ဆိုးကြီးတွေရှိနေတာကို ဂရက်ချန်တစ်ယောက်သိသွားတဲ့အခါမှာတော့ ဘယ်လိုဇာတ်ရှိန်တွေမြင့်တက်လာဦးမယ်ဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း