ဇာတ်ကားများ ရွေးရန်

1992

2024ဇာတ်ကားWeb-dl 1080p

1992 ခုနှစ် လော့အိန်ဂျလိစ့်မှာ လူဖြူရဲတွေလူမည်းတစ်ယောက်ကိုသတ်တာကတစ်ဆင့်ဖြစ်ပွားလာတဲ့ အဓိကရုဏ်းတွေကိုအခြေခံရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ထောင်ကလွတ်လာပြီး လိမ္မာတော့မဲ့ မာဆီတစ်ယောက် သူ့သားနဲ့ပြန်လည်သင့်မြတ်အောင်နေလိုပေမဲ့ ခိုးဆိုးလုနှိုက် ၊ အကျင့်ပျက်ချစားသူတွေနဲ့ ထိတွေ့မိမှန်းမသိထိတွေ့သွားပါတော့တယ်။ မာဆီတစ်ယောက် မမျှော်လင့်ဘဲရောက်လာတဲ့ စိန်ခေါ်မှုတွေကို ဘယ်လိုကျော်လွှားမလဲ။ လူငယ်သဘာဝသွေးတဆူဆူဖြစ်နေတဲ့သားဖြစ်သူကိုရော အဓိကရုဏ်းလှည့်ကွက်ကြားမှာ ဘယ်လိုကယ်တင်မလဲဆိုတာ ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထိုဇာတ်ကားလေးမှာ လက်တွေ့ကမ္ဘာမှာဖြစ်ပေါ်နေဆဲ လူမျိူးရေးခွဲခြားမှုကိုလည်း အသားပေးတင်ဆက်ထားပြီး မညီမျှတဲ့လူ့အခွင့်အရေးဆိုင်ရာပြဿနာတွေကိုလည်း မီးမောင်းထိုးတင်ဆက်ထားပါသေးတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ ကောင်းထိုက်ငြိမ်း ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း