ဇာတ်ကားများ ရွေးရန်

Nidarr

2023ဇာတ်ကားWeb-dl 1080p

Nidarrဇာတ်ကားမှာတော့ ထောက်လှမ်းရေးအေးဂျင့်ဘာလ်တီဟာ ပါကစ္စတန်အကြမ်းသမားဂျာဟာဗာလ်ကို နှိမ်နင်းတဲ့စစ်ဆင်ရေးမှာ ဂျာဟာဗာလ်ကို သတ်ရမဲ့အစား ဂျာဟာဗာလ်သားကို မှားယွင်းသတ်ဖြတ်မိသွားခဲ့တယ်။အကြမ်းဖက်သမားဂျာဟာဗာလ်က ဘာလ်တီကို လက်စားချေဖို့အတွက် ဘာလ်တီသားဖြစ်သူကို သတ်ဖြတ်ဖို့ ကြံစည်ခဲ့တယ်။ဘာလ်တီရဲ့ သားဆန်ဂါလ်ရမ်ဟာ ဗိုလ်လောင်းသင်တန်းဆင်းတာမကြာသေးတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပေမဲ့ ဘာလ်တီလို သတ္တိနဲ့ အရည်အချင်းရှိသူတစ်ယောက်ဖြစ်တယ်။အိန္ဒိယကို အသေခံဗုံးခွဲသမားတွေကို စေလွှတ်နေတဲ့ ဂျာဟာဗာလ်ကို စုံစမ်းဖို့အတွက် ဆန်ဂါလ်ရမ်ဟာ ရုပ်ဖျက်ပြီးတော့ ပါကစ္စတန်နယ်စပ်ကို သွားရောက်ပြီး သတင်းစုံစမ်းဖို့ဖြစ်လာခဲ့တယ်။ဘာလ်တီကို လက်စားချေဖို့အတွက် ကြံစည်နေတဲ့ ဂျာဟာဗာလ်ရှိတဲ့စခန်းကို ဆန်ဂါလ်ရမ်တစ်ယောက် ရောက်သွားချိန်မှာတော့ အကြမ်းဖက်သမားတွေရဲ့ သတင်းကိုစုံစမ်းနိုင်ပါ့မလား။ဒီအန္တရာယ်များတဲ့စစ်ဆင်ရေးကရော ဆန်ဂါလ်ရမ်တစ်ယောက် အသက်ရှင်လျက်ပြန်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း