Until Forever
ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ဇာတ်ကားလေးဖြစ်ပြီး မိုက်ကယ်ဘွိုင်ယန်ဆိုတဲ့ သွေးကင်ဆာ ရောဂါသည်လေးရဲ့ ဘဝကို ဖော်ကျူးထားတဲ့ ကားဖြစ်ပါတယ်။ မိုက်ကယ့်မှာ ငယ်ငယ်ထဲက ချစ်ရတဲ့ ငယ်ရည်းစားလေး မစ်ချယ်လ် ရှိပါတယ်။ သူတို့ရဲ့ ဆက်ဆံရေးဟာဆိုရင် ချစ်ခြင်းမေတ္တာတွေ ရယ်မောဖွယ်ရာတွေနဲ့ ပြည့်နှက်နေပြီး ခိုင်မာတဲ့ သံယောဇဉ်ကြိုးနဲ့ နှောင်ဖွဲ့ထားပါတယ်။ သို့သော် မိုက်ကယ့်မှာ ရှားပါးလှတဲ့ သွေးကင်ဆာရောဂါတစ်မျိုးကို တွေ့လိုက်ရတဲ့အခါမှာတော့ အနာဂတ်အတွက် စိတ်ကူးယဥ်အိပ်မက်တွေဟာ ပြိုလဲသွားပါတော့တယ်။ လူတွေကို ကူညီတတ်တဲ့ စိတ်ထားကောင်းလွန်းတဲ့ ကောင်လေး မိုက်ကယ်ဟာ ဘုရားသခင်ကို အရမ်းသက်ဝင်ယုံကြည်သူပါ။ မိသားစုနဲ့ စွန့်လွှတ်အနစ်နာခံလွန်းတဲ့ ချစ်ရသူအတွက် ဘုရားသခင်ထံမှာ ဆုတောင်းသော်လည်း ဘုရားသခင်က သူ့အသံကို ကြားနိုင်ပါ့မလား။ မိုက်ကယ်လေးတစ်ယောက် သူရောဂါကို တွန်းလှန်နိုင်လို့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရပါ့မလားဆိုတာ ရှုစားကြရမှာ ဖြစ်ပါတယ်။ မိုက်ကယ်နဲ့ မစ်ချယ်လ် ရဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ဒီဇာတ်ကားလေးဟာ ရိုးရှင်းသော်လည်း ကြည်နူးဖွယ်ကောင်းပြီး နှလုံးသားကို နက်နက်ရှိုင်းရှိုင်း ကိုင်လှုပ်စေနိုင်ပါတယ်။ ဘုရားသခင်အပေါ်ထားတဲ့ နက်ရှိုင်းတဲ့ ယုံကြည်မှုကိုလည်း မြင်ရမှာပါ။ IMDb rating ကတော့ 6.2/10 ဖြစ်ပါတယ် ရှုစားကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်သူ Sue Mon )
ဇာတ်လမ်းအကြောင်း