Long Gone Heroe
အက်ရှင်ချစ်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့အက်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Long Gone Heroes ဖြစ်ပြီး လက်ရှိ IMDb Rating 5.7 အထိရရှိထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ကလည်း အက်ရှင်ကားတော်တော်များများမှာဇာတ်ရံအနေနဲ့မြင်တွေ့ရလေ့ရှိတဲ့ Frank Grillo တို့ ကျရာဇာတ်ရုပ်မှာပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ The Hunger Games မင်းသား Josh Hutcherson တို့အပြင်တခြားနာမည်ကြီးသရုပ်ဆောင်တွေအများကြီးပါဝင်သရုပ်ဆောင်ထားပါတယ်။ရေနံဆိုတဲ့အရာကအရမ်းတန်ဖိုးကြီးတဲ့အတွက်ရွှေမည်းလို့တောင်နာမည်ပြောင်ခေါ်ဆိုကြပြီး ရေနံတွေ့ပြီဆိုတာနဲ့ အင်အားကြီးနိုင်ငံတော်တော်များများကမျက်စိကျတတ်ကြတဲ့သဘာ၀ရှိပါတယ်။အဲ့ဒီထဲကမှရေနံကိုအကြိုက်ဆုံးဖြစ်တဲ့အမေရိကန်ကတော့ဗင်နီဇွဲလားမှာရေနံတွေ့တယ်လို့သတင်းကြားပြီးကတည်းက နိုင်ငံရဲ့အင်အားကြီးပုဂ္ဂိုလ်တွေကတိတ်တဆိတ်နဲ့ဗင်နီဇွဲလားထဲကရေနံတွေကိုတင်ပို့တဲ့လုပ်ငန်းတွေလုပ်ခဲ့ကြပါတော့တယ်။အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဗင်နီဇွဲလားနိုင်ငံရဲ့ငွေကြေးတန်ဖိုးကျဆင်းပြီး လူနည်းစုကောင်းစားရေး လူများစုစတေးခံနေရတဲ့အတွက် ဂျူလီယာဆိုတဲ့သတင်းထောက်ကအဖြစ်မှန်ကိုဖော်ထုတ်ဖို့ဗင်နီဇွဲလားနိုင်ငံကိုသွားရောက်ခဲ့ပါတော့တယ်။အပတ်တကုပ်ကြိုးစားရင်းနဲ့ဒီလိုတရားမဝင်ရေနံလုပ်ငန်းတွေရဲ့နောက်ကွယ်ကလူတွေကိုသိသွားတဲ့အခါမှာတော့နှုတ်ပိတ်ဖို့အဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့်ဂျူလီယာက ကယ်လီဖိုးနီးယားလွှတ်တော်အမတ်ကြီးရဲ့သမီးဖြစ်နေတဲ့အခါမှာတော့ သူ့သမီးကိုပြန်ရဖို့အတွက်အဖွဲ့တစ်ဖွဲ့ကိုလွှတ်ပြီးပြန်ကယ်ထုတ်ခိုင်းပုံတွေကိုစိတ်ဝင်တစားကြည့်ရှုရမဲ့အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း