ဇာတ်ကားများ ရွေးရန်

Signs

2002ဇာတ်ကားBlu-Ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Signs လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် စိုက်ခင်းတွေထဲမှာ စက်ဝိုင်းပုံသင်္ကေတတွေ ရုတ်တရက်ကြီးပေါ်လာတာကို သတင်းတွေထဲမှာ ဖတ်ဖူးကြမှာပါ ဒီရုပ်ရှင်ထဲမှာလည်း ဒီလိုပါပဲ မိန်းမသေသွားလို့ ဖာသာအဖြစ်ကို စွန့်လွှတ်လိုက်ပြီး လယ်သမားလုပ်နေတဲ့ Graham ရဲ့ ပြောင်းဖူးစိုက်ခင်းထဲမှာ ကမ္ဘာနဲ့ မအပ်စပ်ပုံပေါက်တဲ့ သင်္ကေတတွေ ရုတ်တရက်ကြီးပေါ်လာတယ် လူလက်ကမြင်းဖို့ဆိုတာလည်း ဒီလိုစကေးကြီးကြီးမှာ နေ့ချင်းညချင်း လက်သည်မပေါ်ဘဲ အနာအဆာကင်းနေအောင် ဖန်တီးစွမ်းက လူတွေမှာမရှိဘူး ဒီလို ဘာမှန်းမသိရတဲ့အန္တရာယ်က ဘေးမှာရှိနေလို့ စိတ်ထင့်နေတုန်း ထူးဆန်းမှုတွေက သူ့ပတ်ဝန်းကျင်‌မှာတင်မကဘူး တစ်ကမ္ဘာလုံးမှာပါ ဖြစ်လာတယ် Graham ရယ် သူ့သားသမီး ၂ ယောက်ရယ် သူ့ညီရယ် ဒီထူးဆန်းမှုတွေရဲ့ လက်သည်ကိုရှာရင်း သူတို့ဘဝတွေမှာ ဘာတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eden Ten ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း