Sight
True Story ကို ပြန်လည်ပုံဖော်တာကြိုက်တဲ့ ပရိသတ်တွေအတွက် စိတ်ဓာတ်ခွန်အားရစေမယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ အမေရိကမှာ အတော်ဆုံးလို့နာမည်ကျော်နေတဲ့ တရုတ်လူမျိုး မျက်စိအထူးကုဆရာဝန် ဒေါက်တာမင်ဝမ်ရဲ့ ငယ်စဉ်ကလေးဘဝမှာ ဆရာဝန်ဖြစ်ဖို့ ကျော်ဖြတ်ခဲ့ရတဲ့ အခက်အခဲ ဒုက္ခတွေနဲ့ ကြိုးစားခဲ့ရပုံကို ရှုစားရမှာပါ။ တရုတ်ပြည်မှာအုံကြွမှုတွေဖြစ်တဲ့အချိန် အလယ်တန်းကျောင်းသားပဲရှိသေးတဲ့ မင်ဝမ်က သူ့အဖေနဲ့အဘိုးလို ဆရာဝန်ဖြစ်လာဖို့ အိပ်မက်ရှိပါတယ်။ ဒါမဲ့အရေးအခင်းကြောင့် ကျောင်းတွေပိတ် တက္ကသိုလ်တွေပိတ်နဲ့ အတားအဆီးတွေကြားကနေ မင်ဝမ်က မိဘနှစ်ပါးရဲ့သင်ပြပေးမှုနဲ ကောလိပ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီး အမေရိကကိုပါ ပညာတော်သင်စေလွှတ်တဲ့ ထူးချွန်ကျောင်းသားစာရင်းထဲပါခဲ့ပါတယ်။ ဒါမဲ့ သူငယ်စဉ်တည်းက သံယောစဉ်တွယ်ခဲ့ပြီး အရေးအခင်းဖြစ်တုန်း အုံကြွသူတွေ ဖမ်းခေါ်ခံရတဲ့ သူငယ်ချင်းမလေး လီလီရဲ့ပုံရိပ်က သူဆရာဝန်ဖြစ်လာတဲ့ထိ ခြောက်လှန့်နေခဲ့ပါတယ်။ အတိတ်ကို လက်မလွှတ်နိုင်တဲ့ ဒေါက်တာမင်ဝမ်က လက်ရှိမှာ လူနာတွေကို အမြင်အာရုံပြန်ယူပေးနိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းရင် စိတ်ဒဏ်ရာကို ကုသမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း