ဇာတ်ကားများ ရွေးရန်

Kill Em All 2

2024ဇာတ်ကားWeb-dl 1080p

၂၀၁၇ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ အက်ရှင်မင်းသားကြီး ဗန်ဒိမ်းပါဝင်သရုပ်ဆောင်ခဲ့တဲ့ Kill 'Em All ဆိုတဲ့အက်ရှင်ဇာတ်ကားကောင်းကြီးရဲ့နောက်ဆက်တွဲ ဒုတိယမြောက်ကား Kill 'Em All 2 ကိုတင်ဆက်ပေးလိုက်ပါတယ်။ကြည့်ဖူးတဲ့လူတွေကတော့ဇာတ်လမ်းသဘောတရားနည်းနည်းနားလည်နေပြီဖြစ်လောက်ပေမဲ့ ပထမကားကိုမကြည့်ရသေးတဲ့လူတွေအတွက်နည်းနည်းလောက်နောက်ကြောင်းပြန်ဖော်ပေးပါ့မယ်။ဖီးလစ်ဆိုတဲ့လူက CIA အေးဂျင့်တစ်ယောက်ဖြစ်ပြီး သူ့ဘ၀မှာအလုပ်ကိစ္စတွေနဲ့တင်ရှုပ်ယှက်ခက်နေခဲ့တဲ့အတွက်သမီးဖြစ်သူကိုအချိန်မပေးနိုင်ခဲ့ပါဘူး။ဒီလိုနဲ့အငြိမ်းစားယူဖို့နောက်ဆုံးစစ်ဆင်ရေးဖြစ်တဲ့ဆာဘီးယားဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ဒီမီထရီပက်ထရိုဗစ်ကိုသတ်ခဲ့ပြီးသမီးဖြစ်သူနဲ့ပျော်စရာအချိန်လေးတွေကုန်ဆုံးနေခဲ့ပါတော့တယ်။ဒါပေမယ့်အဲ့ဒီအပျော်တွေကကြာကြာမခံလိုက်လဲ ဒုတိယမြောက်ကားထွက်လာတဲ့အချိန်မှာတော့ ဒီမီထရီရဲ့ညီ ဗလက်ကသူ့အစ်ကိုအတွက်လက်စားချေဖို့ဇာတ်ကားအစကတည်းကကြိုးစားပါတော့တယ်။ဖီးလစ်ကသူ့ကိုလိုက်သတ်တာတော့ကိစ္စမရှိပေမဲ့ သူ့ကိုရှာဖို့အတွက်သူ့မွေးရပ်မြေကရွာလေးကို ဗလက်တို့ကလာခြိမ်းခြောက်ပြီးရမ်းကားသွားတဲ့အတွက် တန်ပြန်တိုက်စစ်ဆင်ရင်း ကျူပင်ခုတ် ကျုငုတ်မကျန် ဗလက်တို့ရဲ့ဂိုဏ်းကိုအမြစ်ဖြတ်သုတ်သင်ရှင်းလင်းဖို့သမီးဖြစ်သူနဲ့အတူတူကြိုးစားကြပုံတွေကိုတွေ့ရမဲ့အက်ရှင်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း