ဇာတ်ကားများ ရွေးရန်

Emergency Landing

2023ဇာတ်ကားWeb-dl 1080p

ပျံသန်းမှုခရီးစဉ်စတင်ပြီး မမျှော်လင့်ထားတဲ့အဖြစ်ကြောင့် အရေးပေါ် ဆင်းသက်ခဲ့ရတဲ့ လေယာဉ် Airbus A321အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီပျံသန်းမှုမှာ ကပ္ပတိန်ဒါမီဦးဆောင်တဲ့အဖွဲ့သားတွေက လိုက်ပါလာတဲ့ ခရီးသည် 200 ကျော်ကို အသေအပျောက်မရှိဘဲ ဘေးလွတ်ရာကို ပို့ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ကပ္ပတိန်ဒါမီရဲ့နဂို သက်မွေးအလုပ်က လေယာဉ်မှူးမဟုတ်ပါဘူး။ ဒါမီက သူ့အဖေလေယာဉ်မှူးကို အားကျပြီး ငယ်ငယ်တည်းက လေယာဉ်မှူးဖြစ်ချင်ခဲ့တာပါ။ သို့ပေမယ့် ဝင်ခွင့်စစ်ဆေးတဲ့အချိန် မျက်လုံးကြောင့် မအောင်ဘဲ တခြားအလုပ်လုပ်ပြီး ‌အဆင်ပြေနေခဲ့ပါတယ်။ ငယ်စဉ်က အိပ်မက်ကို ပြန်အကောင်အထည်ဖော်ချင်တဲ့ ဒါမီက လေယာဉ်မှူးလုပ်ဖို့ အသက် 40 အရွယ်ကျမှ ဆုံးဖြတ်ပြီး ပြန်လည်ကြိုးစားခဲ့ပါတယ်။ ဒီလိုနဲ့ 2019 ဩဂုတ်မှာ သူမောင်းနှင်တဲ့လေယာဉ်က ထွက်ခွာပြီး သိပ်မကြာခင်မှာပဲ ငှက်အုပ်နဲ့တိုးပြီး အင်ဂျင်ပျက်စီးသွားတဲ့အတွက် အရေးပေါ်ဆင်းသက်မှုကို အောင်အောင်မြင်မြင်လုပ်နိုင်တာ ရှုစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း