ဇာတ်ကားများ ရွေးရန်

Dopamine at 2:22

2023ဇာတ်ကားWeb-dl 1080p

ဒိုပါမိန်းဆိုတာ ဆေးပညာလောကမှာတော့ လူ​သားတွေကို စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှု၊ စိတ်အားထက်သန်မှု အစရှိတဲ့ခံစားချက်တွေကို ပေးစွမ်းနိုင်တဲ့ ဦးနှောက်ထဲက နေရာလေးတခုဖြစ်ပါတယ်။ ဒါ့အပြင် မှတ်ဥာဏ်တွေ၊ စိတ်ခံစားမှုတွေ၊ အိပ်ပျော်စေခြင်း၊ သင်ယူမှုပြုလုပ်နိုင်ခြင်း၊ အာရုံစူးစိုက်စေနိုင်ခြင်း အစရှိတဲ့ကဏ္ဍတွေမှာလဲ ဒိုပါမိန်းက အရေးပါတယ်လို့ ဆိုထားပါတယ်။ ဒီရုပ်ရှင်မှာတော့ ဒိုပါမိန်းရဲ့အဓိပ္ပါယ်ကို အပြည့်အဝ ယူမထားပဲ လူကုံထံအသိုင်းအဝန်းက မဟုတ်တဲ့ လူတန်းစားတွေရဲ့လက်ရှိအားအကောင်းဆုံးဖြစ်လာနေတဲ့ ဆိုရှယ်မီဒီယာမှာ သူတို့တွေရဲ့အခြားတဖက်က ဘဝတွေကိုချပြရင်း အပြင်ကလက်တွေ့ဘဝတွေမှာ ရုန်းကန်လှုပ်ရှားနေကြရပုံကို ဒိုပါမိန်းရဲ့သဘောတရားနဲ့ ရိုက်ကူးပုံဖော်ပေးထားတာမျိုးပါ။ ယဥ်ကျေးမှုတွေထွန်းကားလာပြီးနောက်ပိုင်း ခေတ်မီလာတဲ့ လူ့အဖွဲ့အစည်းကြီးမှာ ဘယ်လိုပင် ယဥ်ကျေးမှုတွေ ဖွံဖြိုးတိုးတက်လာတယ်ပဲပြောပြော နည်းပညာတွေခေတ်မီလာတယ်ပဲ ပြောပြော လိမ်တဲ့သူက လိမ်မယ်၊ ကလိန်ကျတဲ့သူက ကျမယ်၊ ခိုးတဲ့ကောင်က ခိုးမယ်၊ အုပ်စုဖွဲ့ မုဒိမ်းကျင့်မယ့်ကောင်တွေကလဲ သူတို့အလုပ် သူတို့ ဆက်လုပ်နေကြဆဲပါပဲ။ ခေတ်မီတိုးတက်လာတဲ့နည်းပညာအကူအညီကြောင့် ရာဇဝတ်မှုကျူးလွန်မယ့်သူတွေဟာ သူတို့ရဲ့သားကောင်တွေကို ရှာဖွေရွေးချယ်မှာရာ ပိုမိုလွယ်ကူလာခဲ့ပြီး ဒီရုပ်ရှင်မှာ ဆိုရှယ်မီဒီယာရဲ့ဆိုးကျိုးတချို့ကို မီးမောင်းထိုးပြခဲ့ကာ အိန္ဒိယရဲ့ မပြီးဆုံးနိုင်သော ဖိုဝါဒီအခြေပြု ကျားမ တန်းတူမညီမျှမှုတွေ၊ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ နိုင်ငံရဲ့ဖြစ်ပွားမှုအများဆုံးမှုခင်းတွေထဲက ထိပ်ဆုံးစာရင်းဝင်တဲ့ အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်မှုတွေကိုလည်း အစဥ်အလာမပျက် ထည့်သွင်းရိုက်ပြထားပါသေးတယ်။ အိန္ဒိယရဲ့ A list စာရင်းဝင် သရုပ်ဆောင်တွေ မပါဝင်တဲ့ ဘက်ဂျက်နည်းရုပ်ရှင်ဖြစ်ပေမယ့် တန်းဝင် မှုခင်းရုပ်ရှင်ကောင်းကောင်းတစ်ကားကို ကြည့်ချင်တဲ့သူတွေအတွက်တော့ Dopamine (2024) ရုပ်ရှင်က ရသတခုခုတော့ ပေးစွမ်းနိုင်စေမှာ သေချာပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ San Oo ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း