ဇာတ်ကားများ ရွေးရန်

Succubus

2024ဇာတ်ကားWeb-dl 1080p

စီးပွားရေးလုပ်ငန်းမအောင်မြင် အိမ်ထောင်ရေးပါ အဆင်မပြေတဲ့အပြင် ကလေးတစ်ယောက်ပါရှိနေတဲ့ လူက dating app ကတစ်ဆင့် တခြားလောကထဲရောက်သွားပြီး လှည့်ဖြားခံရတဲ့အကြောင်းပါ။ ခရစ်စ်က ဇနီးဖြစ်သူနဲ့ အဆင်မပြေလို့ ခွဲနေနေပြီး လုပ်ငန်းအရှုံးပေါ်တဲ့အတွက် စိတ်ဖိစီးပြီး ထွက်ပေါက်ရှာနေပါတယ်။ ကြားထဲ ကလေးကိုပါ ကြည့်ရတာမို့ မိန်းမနဲ့ဝေးနေတဲ့ယောကျာ်းသဘာဝအတိုင်း သူ့သူငယ်ချင်းအကြံပေးတဲ့ dating app မှာ အကောင့်ဖွင့်မိပါတယ်။ အဲ့မှာပဲ သူနဲ့ကိုက်ညီတဲ့ အေဒရာဆိုတဲ့ မိန်းကလေးနဲ့စတင် ဆုံစည်းမိတာပါ။ Video chatနဲ့တွေ့ပြီး အေဒရာက အိမ်လာခိုင်းပေမယ့် မသွားဖြစ်ပါဘူး။ ဒါမဲ့ တဖြည်းဖြည်း ထူးဆန်းလာပြီး ပြဿနာတွေ ရှုပ်လာရာကနေ အေဒရာက သူ့စိတ်ကိုခြယ်လှယ်နေတဲ့ မကောင်းဆိုးဝါးဖြစ်နေတဲ့အခါ... Plus အခန်းတွေပါတဲ့အတွက် မိသားစုနဲ့အတူကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း