ဇာတ်ကားများ ရွေးရန်

The Sixth

2024ဇာတ်ကားWeb-dl 1080p

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ခေတ်သစ်သမိုင်းကြောင်းအတွက် အမှတ်ရစရာနေ့တစ်နေ့ပါ။ ကောင်းသောအမှတ်ရခြင်းမျိုးတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုရင် အဲဒီနေ့က အမေရိကန်ရဲ့အထင်ကရ လွှတ်တော်အဆောက်အအုံဖြစ်တဲ့ US Capitol ကြီးကို လူထုအင်အားနဲ့ ၀င်စီးခြင်းခံခဲ့ရလိုပါပဲ။ ခေတ်သစ် အမေရိကန်သမိုင်းမှာတော့ တုန်လှုပ်ဖွယ်ကိစ္စကြီးတစ်ခု ဖြစ်ပါတယ်။ အဲဒီနေ့က အမေရိကန်သမ္မတ‌ဟောင်း‌ Donald Trump ရဲ့ ထောက်ခံသူတွေက ရွေးကောက်ပွဲရလဒ်ကို မကျေနပ်ကြလို့ ချီတက်ဆန္ဒဖော်ထုတ်ရာက အစပြုပြီး US Capitol ကြီး ၀င်စီးနင်းခံရတဲ့ ကြုံတောင့်ကြုံခဲဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ The Sixth ဆိုတဲ့ ဒီရုပ်ရှင်ကတော့ အဲဒီသမိုင်း၀င်နေ့ရက်အကြောင်း အဲဒီနေ့က အဲဒီအဆောက်အအုံမှာ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့သူတွေ ပါဝင်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါ။ နိုင်ငံရေးထက် အဲဒီနေ့က အဖြစ်အပျက်ပေါ် ခံစားမိတာတွေ၊ သင်ခန်းစာတွေ၊ ရခဲ့တဲ့စိတ်ဒဏ်ရာတွေအကြောင်း အသားပေးထားတာမို့ အတော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း