Gone
ဂျေးကွန်ဝေး ဆိုတဲ့ကောင်မလေးက လွန်ခဲ့တဲ့ တစ်နှစ်ခန့်က သူ့အိမ်က အိပ်ရာပေါ်မှာတင် အိပ်နေတုန်း ပြန်ပေးဆွဲခံခဲ့ရတာပါ။ ရဲက သူ့ကိုရှာတွေ့တာက Forest Park ကြီးရဲ့ တစ်နေရာမှာဖြစ်ပါတယ်။ သူက သူ့ကိုလူတစ်ယောက်က ဖမ်းခေါ်သွားပြီး Forest Park ထဲက တွင်းကြီးတစ်တွင်းထဲ ပစ်ချခဲ့တာပါတဲ့။ အဲဒီတွင်းထဲမှာ လူအရိုးတွေလည်း တွေ့ခဲ့ကြောင်း ပြောပြခဲ့ပေမယ့် တကယ်တမ်း ရှာဖွေရေးအဖွဲ့က ရှာတဲ့အခါမှာတော့ သက်သေတစ်စွန်းတစ်စလေးတောင် မတွေ့ခဲ့ရပါဘူး။ ဒါနဲ့ပဲ ရဲက သူ့ကို ဇာတ်လမ်းတွေ ထွင်ပြောတက်တဲ့ စိတ်ဝေဒနာရှင်အဖြစ် မှတ်ယူပြီး စိတ္တဇဆေးရုံမှာ လပေါင်းများစွာ ပိတ်လှောင်ထားခဲ့ပါတယ်။ သူ အဲဒီကနေလွတ်လာတော့ ဘဝသစ်တစ်ခုကို ပြန်တည်ဆောက်ခဲ့ပါတယ် ။ သူ့ညီမလေးကလည်း သူနဲ့အတူ ပြောင်းနေပြီး သူကလည်း အလုပ်သစ်တစ်ခုမှာ ကျဉ်လည်နေပါပြီ ။ တစ်နေ့မှာတော့ သူအလုပ်သွားနေတုန်း သူ့ညီမလေး မော်လီက ပျောက်ချင်းမလှ ပျောက်သွားပါတော့တယ်။ သူကတော့ မော်လီကိုဖမ်းသွားတဲ့ လူက သူ့ကို ဖမ်းသွားဖူးတဲ့ လူသတ်သမားနဲ့ အတူတူပဲဆိုတာ တထစ်ချ ယုံကြည်နေပေမယ့် ရဲကရော ယုံကြည်ပါ့မလား စွန့်စားမှုအဖုံဖုံနဲ့ စွန့်စားပြီးတဲ့အခါမှာရော သူ့ညီမလေးကို အချိန်မီ ပြန်ရှာတွေ့နိုင်ပါ့မလား ဆိုတာ ရှုစားရမှာပါ။IMDb rating ကတော့ 5.9/10 ဖြစ်ပြီး Thriller/Mystery မို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အပြည့်နဲ့ပါ။ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်သူကတော့ Sue Mon ဖြစ်ပါတယ်)
ဇာတ်လမ်းအကြောင်း