ဇာတ်ကားများ ရွေးရန်

Ulajh

2024ဇာတ်ကားWeb-dl 1080p

ဆူဟာနာက အစဉ်အလာကြီးတဲ့ နိုင်ငံရေးမိသားစုတစ်ခုကနေ ဆင်းသက်လာသူတစ်ဦးဖြစ်ပြီး သံတမန်လောကမှာလည်း နာမည်ကောင်းတစ်ခုရရှိထားတဲ့ မိန်းကလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာတော့ သံတမန်ရေးရာကိစ္စတစ်ခုမှာ သူမရဲ့စွမ်းဆောင်မှုကြောင့် အောင်မြင်သွားခဲ့တဲ့အတွက် အသက်အငယ်ဆုံးလက်ထောက်သံအမတ်ရာထူးကိုရသွားခဲ့တယ်။ ဒါပေမဲ့ သူမရဲ့အဖေဖြစ်သူကတော့ အသက်ငယ်ငယ်လေးနဲ့ ဒီရာထူးကိုရခဲ့တဲ့အတွက် သံသယများနေရတာပေါ့။ တာဝန်ထမ်းဆောင်ဖို့ လန်ဒန်ကိုရောက်ပြီးမကြာခင်မှာပဲ လူတစ်ယောက်နဲ့ပတ်သက်မိပြီး အကျပ်ကိုင်ခြိမ်းခြောက်ခံရပါတော့တယ်။ အဲ့ဒီကနေတစ်ဆင့် သူမလည်း မသိလိုက်ပါဘဲ နိုင်ငံ့သစ္စာဖောက်ဘဝကိုရောက်သွားရတဲ့အပြင် ခြိမ်းခြောက်အကျပ်ကိုင်တဲ့လူတွေကလည်း ဒီလောက်နဲ့ရပ်တန့်မသွားတဲ့အပြင် ဒါကိုအသုံးချပြီး မစ်ရှင်ကြီးတစ်ခုကိုအကောင်အထည်ဖော်လာကြတဲ့အခါ မိသားစုရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းဖို့ တိုင်းပြည်ကိုကာကွယ်ဖို့ ဆူဟာနာတစ်ယောက် ဘယ်လိုတွေကြိုးစားမလဲ။ ဘာတွေတွေ့ကြုံရမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမဲ့ Spy Thrillerဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း