ဇာတ်ကားများ ရွေးရန်

Sabrina

2018ဇာတ်ကားWeb-dl 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Sabrina လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် သရဲကားဆို ကြောက်စရာကောင်းမှ ကြည့်ချင်တာဆိုတဲ့ ပရိသတ်ကြီးအတွက် ၂၀၁၈ ခုနှစ်က ထွက်ထားတဲ့ အင်ဒိုနီးရှား horror ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Sebrina ဆိုတာ အရုပ်ရဲ့နာမည်ဖြစ်ပြီး Annabelle လို မြင်ရုံနဲ့ချစ်ချင်စရာ အရုပ်မလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ - အရုပ်ထုတ်လုပ်ရေးပိုင်ရှင် Aiden နဲ့ ဇနီးဖြစ်သူ Maira တိုဟာ မိဘမဲ့ဖြစ်သွားရှာတဲ့ Aiden ရဲ့တူမလေး Vanya ကို မွေးစားထားပါတယ်။ မိဘတွေရုတ်တရက်‌ဆုံးပါးသွားတာကို လက်မခံနိုင်တဲ့ Vanya လေးဟာ ဝိညာဉ်ခေါ်တဲ့ကစားနည်းတစ်ခုနဲ့ တမလွန်က မိခင်ဖြစ်သူရဲ့ဝိညာဉ်ကိုခေါ်ယူဖို ကြိုးစားခဲ့ပါတယ်။ အဲဒီအကြောင်းကို Maira တို သိသွားပြီး အခြေအနေတွေ ပိုဆိုးလာတဲ့အခါ မကောင်းဆိုးဝါးနှင်ပေးတဲ့ ပယောဂဆရာမ Lara ဆီ အကူအညီတောင်းခံရပါတော့တယ်။ အဲဒီအခါကျမှ Vanya ခေါ်ယူလိုက်တာဟာ သူ့မိခင်ရဲ့၀ိညာဥ်မဟုတ်ဘဲ အတော်ဆိုးရွားရက်စက်တဲ့ နတ်ဆိုးဖြစ်နေမှန်း သိလိုက်ရတဲ့အခါ... ပယောဂဆရာမ Lara က နတ်ဆိုးကို မောင်းထုတ်ပေးနိုင်ပါ့မလား၊ မှားယွင်းနေတဲ့ ဝိညာဉ်ခေါ်ပွဲကြီးမှာ ဘယ်သူတွေ စတေးခံလိုက်ရမလဲ၊ အဲဒီအဖြစ်ဆိုးရဲ့ နောက်ကွယ်မှာ ဘယ်လိုလျှိဝှက်ချက်တွေရှိနေမလဲဆိုတာ သည်းထိတ်ရင်ဖို ကြည့်ကြရမှာပါ။ စိတ်၀င်စားစရာ နောက်ခံအကြောင်းအရင်းနဲ့ ကြောက်စရာသရဲဇာတ်လမ်းဖြစ်ပြီး လူတွေရဲ့လောဘနဲ့ လောဘကြောင့်ဖြစ်လာတဲ့ အသိဉာဏ်မဲ့မှုတိုကို သင်ခန်းစာယူစရာ တွေ့မြင်ကြရမှာမို horror ပရိသတ်တွေကြိုက်နှစ်သက်ကြမဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း