ဇာတ်ကားများ ရွေးရန်

Mobile Suit Gundam SEED Freedom

2024ဇာတ်ကားWeb-dl 1080p

Anime ပရိသတ်ကြီးအတွက် Mobile Suit Gundam ဇာတ်လမ်းတွေကို အထွေအထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ပါဘူး။ ဒီကားကတော့ Mobile Suit Gundam SEED နဲ့ Mobile Suit Gundam SEED Destiny ဇာတ်လမ်းတွေရဲ့ နောက်ဆက်တွဲလို့ ဆိုရမှာပါ။ SEED Destiny ထွက်ရှိပြီး တစ်နှစ်အကြာမှာ ဒီ Anime ဇာတ်လမ်း ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ Blue Cosmo ရဲ့ကျူးကျော်မှု၊ လွတ်လမ်းလှုပ်ရှား‌မှုတွေ၊ ပဋိပက္ခ‌တွေနဲ့ အခြေအနေပေါင်း သောင်းခြောက်ထောင်လောက် ရှုပ်ထွေးပွေလီနေခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အခြေအနေတွေတည်ငြိမ်ပြီး ကမ္ဘာကြီး ငြိမ်းချမ်း‌စေဖိုအတွက် Lacus Clyne တို Compass အဖွဲကြီးက ကြိုးပမ်းနေကြပါတယ်။ Kira Yamato နဲ့ သူငယ်ချင်းတစ်စုကလည်း Compass အဖွဲ့ထဲ၀င်ရောက်ပြီး စစ်ပွဲတွေမှာ ပါ၀င်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးကတော့ သူတို့ထင်သလိုဖြစ်မလာဘဲ အနှောင့်အယှက်တွေအများကြီး ကြုံလာရပါတယ်။ Lacus နဲ့ Kira တို့ ပူးပေါင်းပြီး ကမ္ဘာကြီးကို ဘယ်လိုငြိမ်းချမ်းအောင်လုပ်မလဲ၊ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲဆို‌တာကိုတော့ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါနော်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Katie ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း