ဇာတ်ကားများ ရွေးရန်

Finding Mr. Right

2013ဇာတ်ကားBlu-Ray 1080p

Slow Burn Romance ကြိုက်သူတွေအကြိုက်တွေ့စေမယ့် မမ Tang Wai ရဲ့‌ဇာတ်ကားကောင်းတစ်ကား။ ဇာတ်ကားနာမည်က Finding Mr Right ဆိုပေမယ့် လိုက်ရှာတာတော့မဟုတ်ပါဘူး ‌Mr Right နဲ့ အမှတ်မထင်ဆုံခဲ့ရတာပါ။ လုံး၀မျှော်လင့်မထားခဲ့ဘဲနဲ့ ကိုယ့်အတွက် လူမှန်နဲ့ဆုံလာခဲ့ရရင် တွေ့ဆုံမှုက အချိန်မှန် နေရာမှန်ဖြစ်နေမလား။ ကိုယ့်အတွက်လူမှန်ဆိုသူကိုရော ပိုင်ဆိုင်ခွင့်ရှိ‌ပါ့မလား.... ဘေကျင်းသူ ၀မ်ကျားကျား(Tang Wai) ဟာ ခြောက်လသက်တမ်းအလည်ဗီဇာနဲ့ အမေရိကားကို ဗိုက်တစ်လုံးနဲ့ တစ်ယောက်တည်း ရောက်ချလာခဲ့တယ်။ ရောက်တဲ့နေ့မှာပဲ လာကြိုတာနောက်ကျတဲ့ အသက်ကြီးကြီး ကားဒရိုင်ဘာကို ဟိန်းလာ‌းဟောက်လားလုပ်တယ်။ ဒရိုင်ဘာလိုက်ပို့ပေးတဲ့ ထိုင်၀မ်အမျိုးသမီးတစ်‌ေယာက်ရဲ့အိမ်မှာ နေဖို့ဖြစ်လာတော့ အတူနေရသူ‌ဘယ်သူနဲ့မှမတည့်။‌ ငွေကိုရေလိုသုံးပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ ၀မ်ကျားကျားတစ်ယောက် အမေရိကားမှာ တစ်ယောက်တည်း။ တဖြည်းဖြည်းနဲ့ ဒရိုင်ဘာကြီးနဲ့ရင်းနှီးလာခဲ့ပြီး ကလေးတစ်ယောက်အဖေအိမ်ထောင်ရှင် ဆိုတာပါ သိလာခဲ့ရတယ်။ တစ်ယောက်အကြောင်း သိအောင်ကြိုးစားကြတာ သိလာရတာမျိုးက အရမ်းကို အံ့ဩစရာကောင်းတဲ့အရာတစ်မျိုးပါ။ အများကြီးပြောပြမနေတော့ဘဲ ‌ ကိုယ်တိုင်စီးမျှောခံစားကြည့်လိုက်ပါတော့။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Su ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း