ဇာတ်ကားများ ရွေးရန်

Kalinga

2024ဇာတ်ကားWeb-dl 1080p

ဒီတစ်ခါမှာတော့ Fantasy Horror Thriller ဇာတ်လမ်းလေးတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ... ကာလင်ဂါလို့ခေါ်တဲ့နယ်လေးထဲမှာ ​ထူးဆန်းတဲ့တောအုပ်ကြီးတစ်ခုရှိသတဲ့။ အဲ့ဒီတောအုပ်ရဲ့ကန့်သတ်နယ်မြေထဲကို ဝင်သွားမိတဲ့လူတိုင်းဟာ ဆန်းကြယ်စွာနဲ့ပဲ သေဆုံးသွားကြရပြီး အသက်ရှင်ရက်ပြန်လာနိုင်သူဆိုတာလည်း မရှိဘူးတဲ့လေ။ ဒါပေမဲ့ တစ်နေ့မှာတော့ အရက်ရောင်းပြီးအသက်မွေးတဲ့ လင်ဂါဆိုတဲ့ကောင်လေးတစ်ယောက်က သူ့ချစ်သူနဲ့လက်ထပ်ရဖို့အရေး ယောက္ခမဖြစ်သူရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းဖို့ကြိုးစားရင်း အဲ့ဒီတောအုပ်ထဲက မြေကွက်တစ်ကွက်ကိုရလာတဲ့အခါ သူ့မြေကွက်ကိုကြည့်ဖို့ တောထဲကိုသွားရင်း ဒီတောအုပ်ကြီးရဲ့နောက်ကွယ်က အမှန်တရားကိုသိလိုက်ရပါတော့တယ်။ သူသိလိုက်ရတဲ့အမှန်တရားက ဘာလဲ။ ဘယ်လိုကိစ္စရပ်တွေနဲ့ ကြုံတွေ့ခဲ့ရသလဲ။ ဒီတောအုပ်နဲ့ပတ်သက်ပြီး ဘယ်လိုထူးခြားတဲ့ဖြစ်ရပ်မျိုးတွေရှိနေတာလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zed ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း