ဇာတ်ကားများ ရွေးရန်

Its What Inside

2024ဇာတ်ကားWeb-dl 1080p

ဒီဇာတ်ကားလေးကတော့ စိတ်လှုပ်ရှားစွာ သည်းထိပ်ရင်ဖို ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ် ဒီကားလေးတွေထဲ တက္ကသိုလ်တုန်းက တူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းတစ်စုဟာ သူတို့သူငယ်ချင်း မင်္ဂလာမဆောင်ခင်ညမှာ သူတို့သူငယ်ချင်းအိမ်မှာ စုဝေးဖို့ စီစဉ်ထားကြပါတော့တယ် သူငယ်ချင်းတစ်ဖွဲ့ဟာ တက္ကသိုလ်ထဲက ခင်ကြတာ ဖြစ်ပြီး အခုမှ အလုပ်တွေမအားတဲ့ကြားက ပြန်လည် ဆုံတွေ့ကြမှာ ဖြစ်ပါတယ် အဲ့အခါမှာ သူတို့အဖွဲ့ထဲမှာ ပြဿနာတက်ခဲ့ဖူးတဲ့ ဖော့ဘ်စ်ဆိုတဲ့ သူကိုလည်း ဖိတ်ခေါ်ထားပါတယ် ဖော့ဘ်စ်က ကျောင်းကတည်းက ပါတီညတွေဆို ဂိမ်းတွေဖန်တီးပြီး ဆော့တဲ့ နေရာမှာ နာမည်ကြီးပါတယ် ဒီစုဝေးပွဲညမှာလည်း ဖော့ဘ်စ်က သေတ္တာတစ်လုံးနဲ့ စက်တစ်ခုကို ယူလာပါတယ် အဲ့ဒီ့စက်က ခန္ဓာကိုယ်ချင်း လဲတဲ့ စက်လို့ သူက ပြောပါတယ် အဲ့စက်နဲ့ လူတွေနဲ့ ဆက်သွယ်ပြီး စိတ်ချင်း ခန္ဓာကိုယ်ချင်း လဲလို့ရတယ် အဲ့လိုလဲပြီး ဂိမ်းတွေ ဆော့ကြမယ်လို့ တိုက်တွန်းပါတယ် သူငယ်ချင်းတစ်ဖွဲ့ကလည်း အပျော်အပါးမက်တော့ လက်ခံလိုက်ပါတယ် ဂိမ်းလေးကတော့ ခန္ဓာကိုယ်ချင်းလဲပြီး ဘယ်သူ့ခန္ဓာကိုယ်ထဲ ဘယ်သူရောက်နေတယ်ဆိုတာကို ခန့်မှန်းရတာမျိုး ဖြစ်ပါတယ် ဒီဂိမ်းပွဲညလေးက သူတို့ ထင်သလိုပဲ ပျော်စရာကောင်းတဲ့ ညတစ်ခုဖြစ်မှာလား ဒါမှမဟုတ် လူငယ်တွေ အပျော်ကနေ အပျက်တွေ ဖြစ်လာမလား ဘယ်လိုကိစ္စမျိုးတွေ သူငယ်ချင်းတွေကြားဖြစ်မလဲ မကျေနပ်ချက်တွေ ပေါ်လာမလားဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Henny ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း