ဇာတ်ကားများ ရွေးရန်

Chinatown Chacha

2024ဇာတ်ကားWeb-dl 1080p

ထိုင်းဇာတ်ကားဖန်တွေအတွက် ဒီဇာတ်ကားလေးကတော့ အက်ရှင် ဟာသဇာတ်မြူးလေးဘဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ ကီဆိုတဲ့ကောင်မလေးတို့မိသားစုတစ်စုလုံးကံဆိုးမှုတွေကိုအမြဲကြုံတွေ့နေရပြီး သူမကိုယ်တိုင်လည်း အမြဲတစ်ခုမဟုတ်တစ်ခုနေ့တိုင်းကံဆိုးမှုတွေနဲ့ဘဲကြုံတွေ့နေရပါတယ်။ တစ်နေ့မှာတော့ စာတမ်းအတွက် အိုင်ဒီယာမရဖြစ်နေတဲ့အချိန်မှာ အဖိုးကြီးတစ်ယောက်နဲ့တွေ့လိုက်ပြီး သူတို့မိသားစုကံဆိုးမှုတွေက ကျိန်စာကြောင့်ဖြစ်တယ်ဆိုတာကိုသိလိုက်ရပါတော့တယ်။ ဒီတော့ ဒီကျိန်စာဆိုတဲ့အရာကို ပပျောက်အောင်ကီတစ်ယောက်ဘယ်လိုကြိုးစားမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ကြည့်ရှုပေးကြပါဦး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ May Myat Noe Naing ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း