ဇာတ်ကားများ ရွေးရန်

The Emperor in August

2015ဇာတ်ကားBlu-ray 1080p

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Emperor in August လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဩဂုတ်လဟာ ဂျပန်တိုအတွက် ထူးခြားတဲ့လတစ်လပါ။ အကြောင်းကတော့ ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန်ဧကရာဇ်ကိုယ်တိုင်က ဒုတိယကမ္ဘာစစ်မှာ ဂျပန်တိုလက်နက်ချကြောင်း ပြည်သူတွေကို ရေဒီယိုကတဆင့် အသံလွှင့်ကြေညာခဲ့လိုဖြစ်ပါတယ်။ ဂျပန်တိုရဲ့သမိုင်းကြောင်းမှာ မမေ့နိုင်စရာ နေ့ရက်တစ်ရက်ဆိုရင်လည်း မမှားပါဘူး။ The Emperor in August ဆိုတဲ့ရုပ်ရှင်ကတော့ ၁၉၆၇ ခုနှစ်က Japan's Longest Day ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးဖန်တီးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းထဲမှာ ဒုတိယကမ္ဘာစစ်မှာ ဂျပန်ဧကရာဇ်နဲ့ အထက်လူကြီးတွေ၊ အောက်ခြေအရာရှိတွေကြားက အငြင်းပွားမှုတွေ၊ ဂျပန်တိုရဲ့တိုင်းပြည်ချစ်စိတ်၊ အညံ့မခံလိုတဲ့ မာန၊ အသေသာခံမယ် အရှုးမပေးဘူးဆိုတဲ့ စိတ်ဓာ‌တ်တွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ - ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တိုစစ်ရှုးလာချိန်မှာ ဂျပန်ဧကရာဇ်က ပြည်သူတွေကို ဆက်မနစ်နာစေလိုတာကြောင့် မာနအားလုံးခဝါချ၊ သူ့စစ်သည်တွေရဲ့ဆန္ဒကိုဆန့်ကျင်ပြီး မဟာမိတ်တွေနဲ့ စစ်ပြေငြိမ်းဖို လက်နက်ချဖို ဆုံးဖြတ်လိုက်ပါတယ်။ ဒါကိုမကျေနပ်ကြတဲ့ စစ်တပ်အရာရှိတွေက စစ်အောင်နိုင်တဲ့အထိ ဆက်တိုက်ခွင့်ရဖိုအတွက် အမိန့်ကိုဖီဆန်ဖို ကြိုးပမ်းကြပါတော့တယ်။ အဲဒီအခါမှာ ဧကရာဇ်နဲ့ဗိုလ်ချုပ်ကြီးတွေက တစ်ဖက်၊ အရှုးမပေးလိုတဲ့ စစ်တပ်အရာရှိတချိုကတစ်ဖက် အကြီးအကျယ်အငြင်းပွားကုန်ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဂျပန်အင်ပါယာကြီးရဲ့ နောက်ဆုံးနေ့ရက်တွေကို ဘယ်လိုဖြတ်သန်းကြလဲဆိုတာ စိတ်၀င်စားစရာ သမိုင်းနောက်ခံအကြောင်းတွေနဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း