ဇာတ်ကားများ ရွေးရန်

Fatal Intuition

2015ဇာတ်ကားWeb-dl 1080p

ဂျန်းဝူနဲ့အွန်းဂျီတို့မောင်နှမ၂ယောက်ဟာ မိဘတွေဆုံးပြီးကတည်းက တစ်ယောက်ကိုတစ်ယောက်စောင့်ရှောက်ရင်းနေလာကြပါတယ်။ ဂျန်းဝူက အစ်ကိုကြီးပီပီ အလုပ်ကိုကုန်းရုန်းလုပ်ပြီး ညီမလေးအွန်းဂျီကျောင်းတက်ဖို့ကို ထောက်ပံ့ပေးခဲ့ပါတယ်။ အွန်းဂျီကတော့ ကောလိပ်ဆက်တက်ဖို့ကို စိတ်မဝင်စားဘဲ ဆံပင်အလှပြင်ဆိုင်တစ်ခုမှာ အလုပ်ခိုးဝင်လုပ်ပြီး ပိုက်ဆံရှာဖို့ကိုပဲ အားသန်နေခဲ့ပါတယ်။ အွန်းဂျီတစ်ယောက် အလုပ်ခိုးလုပ်တာကို သူ့အစ်ကိုမိသွားပြီး မောင်နှမ၂ယောက်စကားများပြီး အစ်ကိုဖြစ်သူက သူ့ကိုတံခါးသော့ခတ်ပိတ်ထားပြီး အပြင်ထွက်သွားပါတယ်။ သူပြန်ရောက်လာတဲ့အချိန်မှာ သူ့ညီမဖြစ်သူကိုမတွေ့တော့ဘဲ လူပျောက်တိုင်ထားခဲ့ပေမဲ့ရှာမတွေ့ပါဘူး။တစ်ရက်ကျ ရပ်ကွက်ထဲက ရှေ့ဖြစ်မြင်ရတယ်ဆိုတဲ့ အီရှီအွန်းဆိုတဲ့ကောင်မလေးတစ်ယောက် သူ့ဆီကိုရောက်လာပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ... ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူကတော့ Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း