ဇာတ်ကားများ ရွေးရန်

From Russia with Love

1963ဇာတ်ကားBlu-ray 1080p

မင်းသားကြီးရှောင်ကွန်နရီရဲ့ ၂ ကားမြောက် ဂျိမ်းစ်ဘွန်းဇာတ်ကားဖြစ်ပါတယ်။ သိကြတဲ့အတိုင်း ရှောင်ကွန်နရီဆိုရင် ဂျိမ်းစ်ဘွန်းနဲ့ပဲ တွဲမြင်တဲ့အထိ သက်ဝင်အားကောင်းခဲ့ပါတယ်။သူ့ရဲ့ဘွန်းကားတွေဟာ စမတ်ကျတဲ့အပြင် ရယ်စရာ ထေ့လုံး လှောင်လုံးတွေအများဆုံးပါဝင်တာကြောင့်ဘွန်းအဆန်ဆုံးကားတွေလို့ ပြောလို့ရပါတယ်။ဒီကားဟာဆိုရင်လည်း ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေအားလုံးရဲ့ အကောင်းဆုံးကားလို့ပြောရလောက်တဲ့အထိ ချီးကျူးထောပနာပြုခြင်းခံရတဲ့ကားဖြစ်ပါတယ်။ Action သီးသန့်မဟုတ်ဘဲ ဘက်ပေါင်းစုံက တင်ဆက်ထားနိုင်ပြီးသူ့ခေတ်မှာ အတော်ကို အံ့ဩရတဲ့ ဖန်တီးမှုတချို့ပါတင်ဆက်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Aung Myat Tun ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း