Sarfira
Safira ဇာတ်ကားကတော့ မင်းသားကြီးAshay Kumarသရုပ်ဆောင်ထားတဲ့ Deccan လေကြောင်းလိုင်းအကြောင်းရိုက်ပြထားတဲ့ ဖြစ်ရပ်မှန်ကားတစ်ကားဖြစ်တယ်။ဇာတ်လမ်းအကျဉ်းကတော့ လေတပ်အရာရှိတစ်ယောက်ဖြစ်တဲ့ ဗီလ်ဟာ ဈေးကြီးလှတဲ့အိန္ဒိယရဲ့ လေယာဉ်လက်မှတ်တွေကြောင့် တပ်ကနေ အိမ်ကိုအမှီမပြန်လာနိုင်ခဲဘဲနဲ့ အဖေဖြစ်သူကို နောက်ဆုံးနှုတ်ဆက်ခွင့်တောင်မရ ဈာပနာတောင်ကျင်းပခွင့်တောင်မရခဲ့ပါဘူး။ဒါကြောင့်ဗီလ်ဟာ လေတပ်ကထွက်ကာ သာမန်ပြည်သူတွေတက်နိုင်တဲ့ ဈေးပေါတဲ့လေကြောင်းလိုင်းတစ်ခုတည်ထောင်ဖို့ ကြိုးစားခဲ့တယ်။လေကြောင်းလိုင်းတည်ထောင်ဖို့ ရင်းနှီးမြုပ်နှံသူတွေကို လိုက်ရှာနေရင်း သူ့လိုဘဲ မုန့်ဆိုင်ဖွင့်ဖို့ အိမ်မက်ရှိတဲ့ ရာလ်နီဆိုတဲ့မိနိးကလေးနဲ့ ချစ်ကြိုက်ကာ လက်ထပ်ခဲ့ကြတယ်။ဗီလ်နဲ့ ရာလ်နီတို့ နှစ်ယောက် အိမ်မက်တွေကို အကောင်အထည်ဖော််ဖို့ ကြိုးစားနေပေမဲ့ ဗီလ်ရဲ့ လေကြောင်းလိုင်းသာပေါ်လာရင် လူဆင်းရဲတွေလဲ လေယာဉ်စီးနိုင်မှာကို သဘောမကျတဲ့ အိန္ဒိယလေကြောင်းလုပ်ငန်းပိုင်ရှင်သူဌေးကြီးပါရာကတ်ရှ်က ဗီလ်ရဲ့ အစီအစဉ်တွေကို လိုက်လံဖျက်စီးပါတော့တယ်။သာမန်လူတစ်ယောက်ဖြစ်တဲ့ ဗီလ်က သူ့အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုကြပါအုံး။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nora ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း