ဇာတ်ကားများ ရွေးရန်

Stream

2024ဇာတ်ကားWeb-dl 1080p

Horror ကိုမှ အကြမ်းစား မညှာမတာသတ်ဖြတ်မှုတွေပါဝင်ပြီး fiction ဆန်ဆန်ကြည့်ရမယ့် အမျိုးအစားဖြစ်ပါတယ်။ မိသားစုအဖိုးတန်အချိန်လေးရချင်လို့ အားလပ်ရက်အပန်းဖြေခရီးထွက်လာတဲ့ သားအမိသားအဖလေးယောက်က ကံဆိုးပြီး လူသတ်ပွဲလုပ်မယ့် ဟိုတယ်မှာ တည်းမိသွားတဲ့အဖြစ်ပါ။ ကီနန်တို့မိသားစုတည်းတဲ့ ဟိုတယ်ကို ညဘက်မှာ lockdown ချလိုက်ပြီး လူတစ်စုက လူသတ်တဲ့ဂိမ်းကစားကြတာပါ။ ဒီဂိမ်းမှာ ကစားသမား4ယောက်ပါဝင်ပြီး ဧည့်သည်တွေအားလုံးကို ရက်ရက်စက်စက် လိုက်သတ်ပါတယ်။ ဒီဂိမ်းကို လော့ဝုဒ်ဆိုတဲ့လူက အစအဆုံးကြိုးကိုင်နေပြီး Streams ဆိုတဲ့ app ကနေ တိုက်ရိုက်လွှင့်ပေးပါတယ်။ကြည့်ရှုသူပရိသတ်ကလည်း အများအပြားပါပဲ။ လူတွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်ပြီး ကီနန်ရဲ့ဇနီးပါ အသတ်ခံလိုက်ရတဲ့အချိန် သားနဲ့သမီးကို ကာကွယ်ဖို့ ကီနန်က ကစားပွဲမှာပါဝင်ရပါတော့တယ်။ သူ့ရဲ့အားထုတ်မှုက အရာထင်မလားဆိုတာကတော့.... ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း