ဇာတ်ကားများ ရွေးရန်

Justice

2024ဇာတ်ကားWeb-dl 1080p

Netflix မှ ထပ်မံတင်ဆက်လာတဲ့ ဒီပိုလန်ရုပ်ရှင်ဟာဆိုရင် ဖြစ်ရပ်မှန်ကိစ္စရပ်အပေါ် အခြေခံပြီး ရုပ်ရှင်ဖန်တီးသူက စိတ်ကူးဉာဏ်ကွန့်မြူးကာ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်အစောပိုင်းမနက်ခင်းတစ်ခုမှာ ဘဏ်စာရေးမလေး ၃ ယောက်က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ မွေးနေ့ဖြစ်တာကြောင့် ဘဏ်ကို အစောကြီးရောက်လာခဲ့ပါတယ်။ ဘဏ်ထဲရောက်မှ သိလိုက်ရတာက ဘဏ်ထဲမှာ သူတို့ထက်အရင်ရောက်နေတဲ့ ဓားပြတွေရှိနေတာပါပဲ။ အဲ့ဒီမနက်ခင်းဟာ သူတို့အတွက် ပျော်စရာမနက်ခင်းလေးတစ်ခုဖြစ်ရမယ့်အစား ငရဲကျသွားသလိုပါပဲ။ ဘဏ်စာရေးမလေး ၃ ယောက်လုံး ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ရပါတယ်။ အဲ့ဒီခေတ်နိုင်ငံရေးအခြေအနေအရ ဒီအမှုကို အစိုးရက မီဒီယာကိုမသိစေချင်တဲ့အတွက် အမြန်ဆုံးဖော်ထုတ်မှရပါမယ်။ ဒီတော့ ထောက်လှမ်းရေး အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုပ်ခဲ့ဖူးသူ ဗိုလ်မှူးရာထူးအဆင့် ရှိခဲ့ပေမယ့် ကွန်မြူနစ်ဝါဒီတွေနဲ့ ပတ်သက်ဆက်ယှက်မှုရှိတာကိုတွေ့ခဲ့တဲ့အတွက် အလုပ်နားခံထားရသူ ‘ဂါဒက်’ ကို အစိုးရက ပြန်ဆက်သွယ်ပြီး ဒီအမှုကို ဖြေရှင်းခိုင်းပါတော့တယ်။ မက်လုံးကတော့ အရင်ပြစ်မှုတွေကို ခဝါချပြီး ရာထူးနေရာပြန်ပေးပါမယ်တဲ့။ ဒီတော့ သူနဲ့ အသက်ငယ်ငယ် တွဲဖက်ရဲမေတို့က အမှုကို ဖြေရှင်းကြပါတော့တယ်။ ထောက်လှမ်းရေးအရာရှိပီပီ စကားနည်းနည်းပါးပါး အစ်အောက်လိုက်တာနဲ့ ဘယ်သူက အမှုကို ကျူးလွန်ခဲ့တယ်ဆိုတာကို ဂါဒက်တစ်ယောက် သိပါတယ်။ ဒီဇာတ်လမ်းရဲ့တင်ဆက်ပုံမှာ ရဲဘက်က ဘယ်သူတွေဘဏ်ကိုဓားပြတိုက်ခဲ့တာလဲ၊ ဘဏ်စာရေးမလေးတွေကို ရက်ရက်စက်စက်သတ်ခဲ့သူက ဘယ်သူလဲဆိုတာကို ကြည့်ရှုသူတွေကို ခန့်မှန်းခိုင်းပြီး လိုက်စုံစမ်းနေတဲ့ပုံစံမျိုးမဟုတ်ပါဘူး။ ဘဏ်ဓားပြတိုက်ခဲ့တဲ့သူတွေက ဘယ်သူဆိုတာကို ဇာတ်လမ်းအစမှာကတည်းက ထုတ်ပြခဲ့ပြီး ဂါဒက်ရဲ့ ထောက်လှမ်းရေးအရာရှိပီပီ လိုက်လံစုံစမ်းပုံ၊ အမှုကိုဝန်ခံလာအောင် နည်းမျိုးစုံသုံးပြီး တရားခံဘက်ကို စိတ်ဒုက္ခရောက်လာအောင် ညှင်းဆဲတတ်ပုံတို့နဲ့ ဘဏ်ဓားပြအဖွဲ့ဘက်က ထွက်ပြေးဖို့ကြံစည်ကြတဲ့ပုံစံတွေကို အပြိုင်တင်ဆက်ပြသထားပါတယ်။ ဘယ်ဘက်က အနိုင်ရမလဲဆိုတာကို ဆက်လက်ရှုစားကြည့်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း