ဇာတ်ကားများ ရွေးရန်

Outside

2024ဇာတ်ကားWeb-dl 1080p

Zombie ဇာတ်ကားပရိသတ်တွေအတွက် ဖိလစ်ပိုင်ဖုတ်ကောင်ဇာတ်ကားအသစ်ထွက်ရှိလာပါပြီ။ဒီကြားထဲ Zombie ဇာတ်ကားတွေထွက်တာနည်းနေတော့ မျှော်နေတဲ့သူတွေအတွက်ကတော့ကွက်တိပါပဲ။ဇာတ်ကားနာမည်ကိုတော့ Outside လို့ပေးထားပြီး လက်ရှိ IMDb Rating 5.1 အထိရရှိထားပါတယ်။Zombie ကားဖြစ်တဲ့အတွက်ဇာတ်လမ်းအစမှာတော့ထုံးစံအတိုင်း ကမ္ဘာကြီးကဖုတ်ကောင်တွေနဲ့ပျက်စီးနေပြီး အသက်ရှင်ကျန်ခဲ့တဲ့လူနည်းစုတွေကလည်း ဟိုတစ်စု ဒီတစ်စုနဲ့ပုန်းကွယ်နေထိုင်နေရပါတယ်။အဲ့ဒီအသက်ရှင်ကျန်ခဲ့သူတွေထဲမှာဖရန်စစ် အိုင်းရစ် ဂျော့ရှ် လူးကပ်စ်တို့ရဲ့မိသားစုလည်းအပါအဝင်ပါပဲ။ဂျော့ရှ်က ဖရန်စစ်ရဲ့မယားပါသားဖြစ်ပေမဲ့သူတို့မိသားစုလေးက မိသားစုအရင်းတွေလိုပဲပျော်ပျော်ရွှင်ရွှင်စည်းစည်းလုံးလုံးနေထိုင်ကြပါတယ်။ဒါပေမယ့်ကြာလာတဲ့အခါမှာတော့ အစာရေစာရှားပါးလာပြီး ရှေ့ဆက်ဖို့ခက်ခဲလာတဲ့အတွက် အမေဖြစ်သူအိုင်းရစ်က အသက်ရှင်ကျန်သူတွေရှိတယ်လို့ကြားထားတဲ့မြောက်ပိုင်းကိုသွားဖို့ဖျောင်းဖြပါတော့တယ်။မိန်းမကမရမကပူဆာတာကြောင့်ဖရန်စစ်ကလိုက်ပို့ပေးခဲ့ရပေမဲ့ လမ်းမှာဖုတ်ကောင်အန္တရာယ်တွေကြုံတွေ့ရတဲ့အတွက်အိမ်ကိုပဲပြန်လှည့်လာရပါတော့တယ်။ဒီလိုနဲ့သူတို့မိသားစု ၄ ယောက်အိမ်ထဲမှာဆက်နေဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အစာရေစာကပိုမိုရှားပါးလာပြီး ဖရန်စစ်ကလည်းမိသားစုကိုအိမ်ထဲမှာပဲဆက်နေစေချင်တဲ့အတွက် ဖုတ်ကောင်တွေနဲ့သူတို့မိသားစုဘာတွေဆက်ဖြစ်မယ်ဆိုတာကိုစိတ်ဝင်စားစရာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း