ဇာတ်ကားများ ရွေးရန်

Visfot

2024ဇာတ်ကားWeb-dl 1080p

သည်းထိတ်ရင်ဖိုမှုခင်းကားကိုမှ ကြိုက်တဲ့လူတွေအတွက် ခပ်ကြမ်းကြမ်း Crime Thrillerဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... ဒုစရိုက်မှုတွေကနေ ရုန်းထွက်ပြီး ရိုးရိုးသားသားတက္ကစီမောင်းရင်း မိခင်ဖြစ်သူကို လုပ်ကျွေးနေတဲ့ရှိုဟစ်တစ်ယောက် လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့ မူးယစ်ဆေးတွေပါတဲ့ဂျာကင်ကို သိမ်းထားပေးရာက ဂျာကင်ပျောက်သွားတဲ့အတွက် တစ်မိသားစုလုံးခြိမ်းခြောက်ခံခဲ့ရတယ်။ တစ်ဖက်မှာလည်း အာကတ်ရှ်ဆိုတဲ့ လေယာဉ်မှူးဟာ မိန်းမဖြစ်သူဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်ဖမ်းဖို့ကြိုးစားရင်း အတူပါလာတဲ့သားဖြစ်သူကို ကော်ဖီဆိုင်က အလုပ်သမားကောင်မလေးဆီမှာ အပ်ထားခဲ့လိုက်တယ်။ ဖြစ်ချင်တော့ အဲ့ဒီကောင်မလေးက ရှိုဟစ်ရဲ့ရည်းစားဖြစ်နေတဲ့အခါ ကလေးကပါ အရှုပ်အထွေးကြီးထဲ ရောပါသွားတော့တာပေါ့။ နောက်တော့ အဲ့ဒီကလေးရဲ့အသက်အန္တရာယ်ပါ ခြိမ်းခြောက်ခံရတဲ့အခါ သူတို့တွေ ဘယ်လိုဆက်ဖြေရှင်းကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zed ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း