ဇာတ်ကားများ ရွေးရန်

Lee

2023ဇာတ်ကားအမှတ် 7/10Web-dl 4K SDR

အမေရိကန် မော်ဒယ်တစ်ဖြစ်လဲ ဓာတ်ပုံသတင်းထောက် လီမစ်လာရဲ့ World War II အတွေ့အကြုံကို ရိုက်ကူးထားတဲ့ Biography ရုပ်ရှင်ပါ။ အဓိကဇာတ်ကောင် လီနေရာပါဝင်သရုပ်ဆောင်ထားသူက မင်းသမီးကြီးကိတ်ဝင်းစလက်ဖြစ်ပါတယ်။ တစ်ချိန်တုန်းက မော်ဒယ်အဖြစ်အသက်မွေးခဲ့တဲ့ လီဟာ အသက်ကြီးလာတဲ့အချိန်မှာ ဓာတ်ပုံဆရာအဖြစ် ပြောင်းလဲလုပ်ကိုင်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော်နေထိုင်ခဲ့ပါတယ်။ ချစ်သူလည်း ရှိပြီး အတူနေလာရာကနေ ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အခါ သူ့အပေါင်းအသင်းတွေအကုန် တကွဲတပြားဖြစ်ကုန်ပါတယ်။ လီကလည်း Vogue မဂ္ဂဇင်းက သတင်းထောက်အဖြစ် ရှေ့တန်းလိုက်ပြီး ဓာတ်ပုံရိုက်ခွင့်ရအောင် ကြိုးပမ်းခဲ့ပါတယ်။ နာဇီတွေလက်အောက်မှာ သူတို့အားလုံး အရှုံးမပေးဘဲ ကျရာတာဝန်ထမ်းဆောင်နေခဲ့တာပါ။ လီရဲ့ဓာတ်ပုံတွေက နာဇီတွေရဲ့ လူမဆန် ဆိုးဝါးရက်စက်တဲ့လုပ်ရပ်တွေကို မြင်သာစေပြီး အမှန်တရားကို သိစေပါတယ်။ လီကိုယ်တိုင်လည်း ငယ်စဉ်တုန်းက အတိတ်ဆိုးရှိတဲ့အတွက် စွန့်စွန့်စားစားနဲ့ မှတ်တမ်းရယူခဲ့တာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း