Kingdom 2: Far and Away
App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Kingdom 2: Far and Away လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဂျပန် manga ပရိသတ်တွေကတော့ Kingdom ရုပ်ပြစီးရီးတွေနဲ့ စိမ်းမယ်မထင်ပါဘူး။ ဒီဇာတ်လမ်းဟာ အဲဒီရုပ်ပြစီးရီးကိုပဲ ရုပ်ရှပ်အဖြစ် အသက်သွင်းထားတာဖြစ်ပြီး ၂၀၁၉ ခုနှစ်က Kingdom ရုပ်ရှင်ရဲ့နောက်ဆက်တွဲလို ဆိုရမှာပါ။ သူ့နောက်မှာ Kingdom 3 နဲ့ 4 လည်း ဆက်ထွက်ထားပါတယ်။ ဇာတ်လမ်းကတော့ သမိုင်းနောက်ခံစစ်ပွဲရုပ်ရှင်မျိုး ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ "Alice in Borderland" စီးရီးထဲက ဂျပန်မင်းသားချော Kento Yamazaki ခေါင်းဆောင်ပါ၀င်ထားတာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ - တရုတ်ပြည်ကြီးမှာ ပေါင်းစည်းရေးမလုပ်နိုင်သေးဘဲ နိုင်ငံငယ်တွေကြား နှစ် ၅၀၀ ကြာအောင် စစ်မက်တွေဖြစ်ပွားနေခဲ့ပါတယ်။ အဲဒီစစ်ပွဲတွေကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရသူတွေထဲမှာ ရှင်းဆိုတဲ့ လူငယ်လေးတစ်ယောက်လည်း ပါ၀င်တယ်။ ရှင်းဟာ မိဘမဲ့ကျေးကျွန်တစ်ယောက်ဖြစ်ပေမဲ့ သူ့မှာ အိပ်မက်အကြီးကြီးတစ်ခုရှိပါတယ်။ အဲဒါတော့ လောကမှာအကြီးမြတ်ဆုံး စစ်သူကြီးတစ်ယောက် ဖြစ်လာဖိုပါပဲ။ အဲဒီလို ဖြစ်ဖိုအတွက်လည်း တိုက်ပွဲတွေမှာ သူ့အစွမ်းကို လေ့ကျင့်ပါတော့တယ်။ ဒီလိုနဲ့ လူငယ်လေးရှင်းရဲ့ ကြီးမားလွန်းတဲ့ အိပ်မက်ကြီးက တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာကို ရှင်းနဲ့သူ့ရောင်းရင်းစစ်သည်တွေ၊ သူငယ်ချင်းတွေရဲ့ သက်စွန့်ဆံဖျား စွန့်စားခန်းတွေကြည့်ရင်း ဆက်လက်ခံစားကြည့်ရှုလိုက်ရအောင်ပါ...။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Katie ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း