ဇာတ်ကားများ ရွေးရန်

Return

2007ဇာတ်ကားWeb-dl 1080p

မေ့ဆေးပေးပေမဲ့ မေ့ဆေးသက်ရောက်မှုမရှိဘဲ အာရုံနိုးကြားနေတတ်တဲ့လူတွေရှိပါတယ်။ ဆန်းအူ ဆိုတဲ့ကောင်လေးကတော့ အဲဒီလိုကလေးမျိုးပါ။ သူ့မှာ နှလုံးရောဂါရှိလို့ ခွဲစိတ်ခဲ့ပေမဲ့ မေ့ဆေးက သူ့အပေါ်သက်ရောက်မှုမရှိလို့ သူ့ကိုခွဲစိတ်နေတာတွေ နာကျင်မှုတွေ အားလုံးကိုမှတ်မိနေခဲ့ပါတယ်။ အဖေဖြစ်သူကိုပြောပြပေမဲ့ ဆရာဝန်တွေက ကလေးရဲ့ထင်ယောင်ထင်မှားဖြစ်မှုပါဆိုပြီး လျှောချသွားလို့ စိတ်ဒဏ်ရာအကြီးအကျယ်ရခဲ့ရတဲ့ကလေးပါ။ ဒီလိုနဲ့ ၁၀နှစ်အရွယ်ရောက်လာတော့ စိတ်ဒဏ်ရာကနေ အငြိုးဖြစ်သွားပြီး သူ့ကိုခွဲစိတ်ခဲ့တဲ့ဆရာဝန်တစ်ယောက်ရဲ့သမီးကို သတ်ခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကလေးကြောင့် လူသေမှုတွေဆက်တိုက်ဖြစ်လာပြီး စိတ်ကျန်းမာရေးဆေးရုံကိုအပို့ခံခဲ့ရပါတယ်။ ဒီလိုနဲ့ ဆန်းအူတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာတော့ လူတွေကြားမှာ ပုံမှန်လူလိုနေထိုင်ရင်း ဘယ်လိုဖြစ်ရပ်တွေဖြစ်လာမလဲဆိုတာ.... ဒီကားကိုအညွှန်းနဲ့ဘာသာပြန်ဆိုသူက Huihui ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း