ဇာတ်ကားများ ရွေးရန်

Carved

2024ဇာတ်ကားWeb-dl 4K SDR

မြန်မာနိုင်ငံမှာတော့သိပ်မတွင်ကျယ်ပေမဲ့ တခြားနိုင်ငံတွေမှာဟောလိုးဝင်းနီးလာပြီဆိုရင် အိမ်ကိုအလှဆင်ကြတာနဲ့အလုပ်ရှုပ်နေတတ်ကြပါတယ်။အဲ့လိုအလှဆင်တဲ့အထဲမှာ မပါမဖြစ်ကတော့ ရွှေဖရုံသီးတွေပါပဲ။ရွှေဖရုံသီးတွေကိုအထဲကအသားတွေထုတ်ပြီး ကြောက်စရာမျက်နှာပုံစံဖြစ်အောင်ပုံဖော်ကြတာရိုးရာတစ်ခုဖြစ်နေပါပြီ။ဒါပေမယ့်အဲ့လိုအလုပ်ခံရတဲ့ရွှေဖရုံသီးတွေက ကိုယ့်ကိုပြန်လက်စားချေလာမယ်ဆိုရင်ကောဘယ်လိုလုပ်မလဲ။အဲ့ဒီလိုမျိုးပေါက်ပေါက်ရှာရှာအတွေးကို မျက်စိထဲမြင်သာအောင် ဇာတ်ကားတစ်ကားအဖြစ်အသက်သွင်းရိုက်ကူးထားတဲ့ Carved ဆိုတဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။သွေးသံတရဲရဲတွေ ရက်စက်တဲ့မြင်ကွင်းတွေပါတဲ့အတွက် နှလုံးရောဂါရှိသူတွေ ကလေးတွေတော့မကြည့်သင့်ပါဘူး။ပိုင်အိုးနီးယားဆိုတဲ့ရွာလေးတစ်ရွာမှာ လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက ဓာတုပစ္စည်းတွေတင်လာတဲ့ရထားကြီးလမ်းချော်ခဲ့တဲ့အတွက် စွန့်ပစ်ဓာတုပစ္စည်းတွေကရွာအနှံ့မှာပြန့်ကျဲကုန်ခဲ့ပါတယ်။အဲ့ဒီအဖြစ်အပျက်ကြောင့်သေဆုံးခဲ့ရသူတွေလည်းရှိပြီးတစ်နှစ်‌ကျော်အကြာမှာတော့ရွာလေးကထူထူထောင်ထောင်ပြန်ဖြစ်လာခဲ့ပါပြီ။ဟောလိုးဝင်းအချိန်အခါလည်းကျလာပြီဖြစ်တဲ့အတွက် ပျော်ပွဲရွှင်ပွဲကြီးဖန်တီးပြီး အတိတ်ကအကြောင်းအရာတွေကိုမေ့ပျောက်ဖို့ကြိုးစားနေကြပါတော့တယ်။ဒါပေမယ့်ဓာတုပစ္စည်းတွေရဲ့အစွမ်းနဲ့ စိုက်ခင်းတစ်ခင်းကရွှေဖရုံသီးကအသက်ဝင်လာပြီး သူတို့ကျင်းပတဲ့ပျော်ပွဲရွှင်ပွဲကြီးကိုရောက်လာတဲ့အခါမှာ ဘယ်လိုကြောက်မက်ဖွယ်ကောင်းတဲ့အရာတွေဖြစ်လာဦးမလဲဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း