Transformers One
Transformers ပရိသတ်တွေအတွက် အသစ်ထွက်ရှိလာတဲ့ တကယ်ကောင်းတဲ့ Animation ဇာတ်ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။Animation ကားဆိုပေမဲ့ကြည့်ရတဲ့ Graphic တွေကတော်တော်မိုက်ပြီး ဇာတ်ကြောင်းကလည်းကောင်းတဲ့အပြင် Marvel Universe ထဲက Thor မင်းသား Chris Hemsworth တို့ မမ Scarlett Johansson တို့ ဟာသသရုပ်ဆောင် ဒါရိုက်တာ Keegan-Michael Key တို့အပြင် တခြားသောနာမည်ကြီးသရုပ်ဆောင်တွေပါ အသံသရုပ်ဆောင်ထားတဲ့အတွက် တော်တော်မိုက်တဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။IMDb Rating ကလည်း 7.8 အထိရရှိထားပြီး ဇာတ်ကားနာမည်ကိုတော့ Transformers One လို့ပေးထားပါတယ်။ဇာတ်ကြောင်းကတော့ ကြည့်ပြီးသားတွေရဲ့နောက်ပိုင်းကိုဆက်သွားတာမဟုတ်ဘဲနဲ့ ဟိုးအရင်ဇာတ်ကြောင်းတွေကို အသေးစိတ်နောက်ကြောင်းပြန်ထားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက် ဘယ်သူမဆိုကြည့်လို့အဆင်ပြေပါတယ်။အဓိကကတော့ Optimus Prime နဲ့ Megatron ရယ်ဆိုပြီးမဖြစ်လာခင်တုန်းကသူတို့ငယ်ဘ၀မှာဆိုက်ဘာထရွန်မှာနေထိုင်တုန်းကအကြောင်းတွေကိုသေချာသိမြင်အောင်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ Optimus Prime ရယ်လို့မဖြစ်လာခင်တုန်းကသူက အိုရိုင်ယွန်ပက်ဇ်ဆိုတဲ့ ဆိုက်ဘာထရွန်ရဲ့စွမ်းအင်ရင်းမြစ်ဖြစ်တဲ့အန်နာဂျွန်ကိုထုတ်ပေးတဲ့ ဦးဆောင်ခြင်း Matrix ကိုအရမ်းစိတ်ဝင်စားနေတဲ့ မိုင်းတူးစက်ရုပ်လေးတစ်ရုပ်သာဖြစ်ပြီး Megatron ကတော့သူ့ပြဿနာတွေကိုအမြဲတမ်းလိုက်ရှင်းပေးနေရတဲ့ ဆိုးတူကောင်းဖက် D-16 ဆိုတဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့ပါတယ်။သူတို့အဓိကမိုင်းတူးနေရတဲ့အကြောင်းအရင်းက ဦးဆောင်ခြင်း Matrix ပျောက်ဆုံးသွားခဲ့တာကြောင့်ဖြစ်တဲ့အတွက် အိုရိုင်ယွန်က အဲ့ဒါကိုရှာဖွေဖို့ကြိုးစားရင်းနဲ့မှ တဖြည်းဖြည်းနဲ့ပိုပိုနက်နက်နဲနဲသိလာရပြီး သူတို့ရဲ့ဆိုက်ဘာထရွန်ကိုလက်ရှိအုပ်ချုပ်နေသူရဲ့သရုပ်မှန်ကိုသိသွားတဲ့အခါမှာတော့ သူငယ်ချင်း ၂ ယောက်အတူတူ အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်ကြမလဲ ကမ္ဘာ့ရန်သူတော်တွေဆိုတာကရောဘယ်လိုတွေဖြစ်လာရတာလဲဆိုတာတွေကိုစိတ်ဝင်တစားကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း