ဇာတ်ကားများ ရွေးရန်

Fanatical: The Catfishing of Tegan and Sara

2024ဇာတ်ကားWeb-dl 1080p

ဒါကတော့ Documentary Film အမျိုးအစားလေးပဲ ဖြစ်ပါတယ် ရိုက်ကူးထားတဲ့ အကြောင်းအရာလေးကတော့ Pop Punk အဆိုတော် Band အဖွဲ့ဖြစ်တဲ့ အမြွှာနှစ်ယောက် Tegan နဲ့ Sara Quinn တို့ရဲ့ ပရိုဖိုင်အတုသုံးပြီး လိမ်လည်ခံရတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ် လူတစ်ယောက်ကဟာ တီဂန် ကွင်းရဲ့ အီးမေးလ်တွေကို ဟက်လုပ်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ခိုးယူကာ တီဂန် အနေနဲ့ နှစ်ပေါင်း ဆယ်ချီအောင် ဟန်ဆောင်ပြီး နေခဲ့ပါတယ် ထိုဟန်ဆောင်ပြီးနေတဲ့အခါမှာ တီဂန်ရဲ့ ပရိတ်သတ်တွေကို တီဂန်အနေနဲ့ ဆက်သွယ်ပြီး သူငယ်ချင်းလုပ်တာတွေ အီစီကလီလုပ်တာတွေ လုပ်ပြီး လိမ်လည်လှည့်ဖျားခဲ့ပါတယ် နောက်ပြီး သီချင်းမူကြမ်းတွေ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါ လျှောက်ဖြန့်ခဲ့ပါတယ် အဲ့ဒီလို ဟန်ဆောင်နေတဲ့သူကို တီဂန်နဲ့ ဆာရာရယ် သူ့ရဲ့ မန်နေဂျာအဖွဲ့တွေရယ်က ရဲတွေနဲ့ အတူ ပူးပေါင်းစစ်ဆေးကြပါတယ် အဲ့ဒီ့ဖြစ်စဉ်တစ်ခုလုံးကို Documentary အနေနဲ့ ရိုက်ကူး တင်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Fandom Culture ရဲ့ ကြောက်စရာကောင်းတဲ့ Dark Side တွေကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ် ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Henny ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း