ဇာတ်ကားများ ရွေးရန်

Zwigato

2022ဇာတ်ကားWeb-dl 1080p

ကမ္ဘာကပ်ရောဂါကာလကိုအခြေခံထားတဲ့ "Zwigato"ဇာတ်ကားဟာ ဒါရိုက်တာနန်ဒီတာဒက်ရဲ့ သုံးခုမြောက်ဇာတ်လမ်း‌ဖြစ်ပြီး အလုပ်ပြုတ်သွားတဲ့ စက်ရုံမန်နေဂျာတယောက် စားဝတ်နေရေးအတွက် အစားအသောက်ပို့ဆောင်သူဖြစ်လာပုံနဲ့အစပြုထားပါတယ်။ အဆင့်သတ်မှတ်ချက်(rating)တွေ ဘောနပ်တွေနဲ့လည်ပတ်နေတဲ့ပို့ဆောင်သူလောကထဲကျင်လည်ရင်းနဲ့ မိသားစုစားဝတ်နေရေးအတွက် ဇနီးဖြစ်သူကပါ ပထမဆုံးအကြိမ် ကြောက်ရွံ့မှု စိတ်လှုပ်ရှားမှုတွေနဲ့အတူ လွတ်လပ်မှုအသစ် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကိုခံစားရင်း အလုပ်ခွင်ထဲခြေချရပါတော့တယ်။ အတူတူ နေ့စဉ်ခက်ခဲတဲ့ဘဝကိုရင်‌ဆိုင်နေရပေမဲ့ ပျော်ရွှင်မှုသေးသေးလေးတွေက သူတို့ဘဝကိုရှေ့ဆက်နိုင်အောင် ကူညီပေးပုံကိုမြင်ရမှာပါ။ ဒီရုပ်ရှင်မှာ လူ့လောကကြီးကလူတွေမကြာခဏကျော်ကြည့်သွားလေ့ရှိတဲ့သာမန်လူတွေရဲ့သေးငယ်တဲ့ဂုဏ်သိက္ခာနဲ့ အင်အားဖြစ်အောင်ကြိုးစားရင်း ရုန်းကန်မှုတွေကြားထဲကမျှော်လင့်ချက်ရှာဖွေပုံတွေကို အသားပေးဖော်ပြထားပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Htet Htet Aung ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း