Ikai Dek Wat Chedi
ကလေးသရဲကားလေးဆိုပြီး နာမည်ကြီးသွားတဲ့ ထိုင်းကားလေးတစ်ကားကို ကြည့်ရှုလိုသူတွေဆန္ဒအတိုင်း တင်ဆက်ပေးလိုက်ပါပြီ။ သရဲကားဆိုပေမဲ့ horrorထက်ကို supernatural ဘက်ကိုပိုသွားတဲ့ရုပ်ရှင်ဖြစ်လို့ သရဲကြောက်တတ်ရင်တောင် ကြည့်ရအဆင်ပြေမှာပါ။ ထူးဆန်းတဲ့ဒဏ္ဍာရီဇာတ်လမ်းတွေတည်ရှိနေတဲ့ နာခွန်စီထမ်မရတ်ဆိုတဲ့ မြို့ငယ်လေးမှာ ဘုရားကျောင်းပျက်ကြီးတစ်ခုရှိပါသတဲ့။ ဒီဘုရားကျောင်းပျက်ကြီးမှာ ရတနာတွေရှိတယ်လို့ပြောတဲ့သူရှိပေမဲ့ သရဲခြောက်တယ်လို့လူပြောများတဲ့ ဒီဘုရားကျောင်းနားကို တော်ရုံမြို့ခံကတော့ အနားမကပ်ရဲကြဘူးပေါ့။ ဒီလိုနဲ့ ခိန်တို့ညီအစ်ကိုနှစ်ယောက် မင်းနေပြည်တော်ကနေ ကြက်လာတိုက်ပြီး မြို့ခံလူမိုက်နဲ့ ပြဿနာဖြစ်တဲ့အတွက် အသက်လုပြေးရင်း တောထဲက ဘုရားကျောင်းပျက်နားကိုရောက်လာပြီးတော့ ခိုင်ဆိုတဲ့ကောင်လေးနဲ့ တွေ့တဲ့အခါ... အချင်းချင်းကူညီရင်း ခင်မင်သွားကြတဲ့ ခိန်တို့ညီအစ်ကိုနဲ့ခိုင်တို့ ဘာတွေဆက်ဖြစ်ကြမလဲ။ ဘုရားကျောင်းမှာရော ဘာလျှို့ဝှက်ချက်တွေရှိနေတာလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Saturn ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း