Amelia's Children
ဖြဲမခြောက်ပဲ တွေးကြောက်ရမဲ့ Horror/Thriller ဇာတ်ကားအသစ်တစ်ကားကိုတင်ဆက်ပေးလိုက်ပါပြီ။ဇာတ်ကားနာမည်ကတော့ Amelia's Children ဖြစ်ပြီး လက်ရှိ IMDb Rating 5.2 အထိရရှိထားပါတယ်။Horror ချစ်သူတွေအတွက်တော့အပျင်းပြေကြည့်ရတာအဆင်ပြေစေမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ အက်ဒ်ဝေါ့ဆိုတဲ့အမျိုးသားတစ်ယောက်ဖြစ်ပြီး သူကငယ်စဉ်ကတည်းက ကွဲကွာခဲ့ရတဲ့မိဘအရင်းတွေကို အသက်ကြီးလာတဲ့အခါမှာပြန်ရှာဖို့ကြိုးစားနေသူတစ်ယောက်ဖြစ်ပါတယ်။သူကရိုင်လီဆိုတဲ့သူ့ကောင်မလေးနဲ့အတူတူနေထိုင်နေတာဖြစ်ပြီး သူ့မွေးနေ့မှာ ရိုင်လီက သူ့အတွက် မျိုးရိုးဗီဇ(DNA) စစ်ဆေးပြီး ကိုယ်နဲ့မျိုးရိုးဗီဇတူတဲ့လူတွေကိုရှာပေးတဲ့စက်ကိုလက်ဆောင်ပေးလိုက်ပါတော့တယ်။အဲ့ဒီအခါမှာတော့စက်ရဲ့ကျေးဇူးနဲ့ပဲ သူ့အမြွှာအစ်ကိုနဲ့အဆက်အသွယ်ရခဲ့ပြီး ရိုင်လီနဲ့အတူတူ သူ့မိဘအရင်းတွေရှိရာကိုထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့အက်ဒ်ဝေါ့နဲ့ရိုင်လီနှစ်ယောက်သား သူ့အမေအရင်းနဲ့သူ့အမြွှာအစ်ကိုတို့နေထိုင်ရာအိမ်ကိုရောက်သွားရပြီး နောက်ပိုင်းမှာတော့ ဘယ်လိုကြောက်စရာကောင်းတဲ့အမှန်တရားတွေကို သည်းထိပ်ရင်ဖိုစရာကောင်းအောင်ဘယ်လိုကြုံတွေ့ရမယ်ဆိုတာကိုကြည့်ရှုရမဲ့ Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း