ဇာတ်ကားများ ရွေးရန်

Kingdom 3: The Flame of Destiny

2023ဇာတ်ကားBlu-ray 1080p

ဒီတစ်ခါတော့ ဂျပန် Manga စီးရီးကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ Kingdom ရဲ့တတိယမြောက်ရုပ်ရှင်ကို တင်ဆက်ပေးပါရစေ။ အရင်ရုပ်ရှင်တွေလို သမိုင်းနောက်ခံစစ်ပွဲရုပ်ရှင်မျိုး ဖြစ်ပြီး ဂျပန်မင်းသားချော Kento Yamazaki ကပဲ "Shin" ဇာတ်ကောင်နေရာက ဆက်လက်ပါ၀င်ထားပါတယ်။ အခုဇာတ်လမ်းမှာ အရင်ထက်ဒရမ်မာပိုထည့်ထားပြီး ပိုလည်းကြည့်ကောင်းလာပါတယ်။ စစ်ပွဲနောက်ခံရုပ်ရှင်တွေမကြိုက်တဲ့သူတောင် ကြည့်လိုကောင်းမဲ့ ရုပ်ရှင်မျိုးပါ။ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းအကျဥ်းချုပ်ကို နှစ်ပိုင်းခွဲပြီး‌ ပြောချင်ပါတယ်။ ပထမတစ်ပိုင်းမှာ ချင်တိုင်းပြည်ရဲ့ဘုရင်ငယ် Eisei ရဲ့ ဘုရင်မဖြစ်ခင်ကြုံတွေ့ခဲ့ရတဲ့ ကြမ်းတမ်းတဲ့အတိတ်အကြောင်းကို ဒရမ်မာနှောပြီး တင်ဆက်ထားပါတယ်။ ဒုတိယတစ်ပိုင်းကတော့ ထုံးစံအတိုင်း စစ်ပွဲအကြောင်းပါ။ Kingdom 2 မှာ Shin နဲ့ စစ်သူကြီး Ohki တို တွေ့ဆုံကြပုံကို မှတ်မိမယ်ထင်ပါတယ်။ ဒီရုပ်ရှင်မှာတော့ စစ်သူကြီး Ohki အကြောင်း ပိုပါ၀င်လာပြီး Shin နဲ့ Ohki တိုရဲ့ စိတ်၀င်စားစရာပူးပေါင်းတိုက်ပွဲကြီးကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ Kingdom 3 မှာ Shin တစ်ယောက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ကြီးမြတ်တဲ့စစ်သူကြီးဖြစ်ဖို့ နီးစပ်လာပြီလား၊ ဒီတစ်ခါတိုက်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာကို ထင်မှတ်မထားတဲ့ပုံစံမျိုးနဲ့ တင်ဆက်ထားတဲ့ ဇာတ်သိမ်းခန်းအထိ ဆက်လက်ကြည့်ရှုလိုက်ပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း