ဇာတ်ကားများ ရွေးရန်

Rippy

2024ဇာတ်ကားအမှတ် 4/10Web-dl 1080p

ဩစတြေးလျနိုင်ငံရဲ့ မိုင်းတွင်းရှိတဲ့ မြို့လေးမှာ ဧရာမ Zoombie သားပိုက်‌‌ကောင်ကြီးပေါ်လာပြီး လူတွေကို အပိုင်းပိုင်းဆုတ်ဖြဲပစ်တဲ့ Thriller ရုပ်ရှင်ဖြစ်ပါတယ်။ ဒီမြို့လေးရဲမှူးမက်ဒီက ဆုံးသွားတဲ့သူ့အဖေရဲအရာရှိက သူရဲကောင်းလို့သိထားပြီး သူ့အဖေတာဝန်ကို ဆက်လက်ထမ်းရွက်နေခဲ့ပါတယ်။ သူ့အဖေက သူ့ကိုကယ်လိုက်ရလို့ ဆုံးသွားတာဆိုပြီး သိနေတဲ့အတွက် စိတ်ဒဏ်ရာလည်း ရှိနေပါတယ်။ မိုင်းတူးတဲ့လုပ်သားတွေ ဒေသခံတွေနဲ့ အေးချမ်းနေတဲ့ ဒီမြို့လေးကို သားပိုက်ကောင်ကြီးရောက်လာပြီး လူတွေကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်တဲ့အခါမှာတော့...မြို့သူမြို့သားတွေကို ကာကွယ်ဖို့ရာ စီမံရပါတော့တယ်။ ဝေဖန်ရေးသမားတွေက သားပိုက်ကောင်ရဲ့ အညံ့စား CGI နဲ့ plot ကြောင့် ပေါကားဆိုပြီး ဝေဖန်ထားပေမယ့် ရသတစ်မျိုးမျိုးတော့ ပေးစွမ်းနိုင်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း