Meow
နဂါးငွေ့တန်းရဲ့ အစွန်ဖျားတစ်နေရာမှာ မြောင်တွေနေထိုင်တဲ့ မြောင်ဂြိုလ်ဆိုတာ ရှိသတဲ့။ သို့ပေမယ့် မြောင်ဂြိုလ်ပေါ်ကို ဉက္ကာခဲကြွေကျတာတွေ များလွန်းလို့ ပိုလုံခြုံတဲ့နေရာကို ပြောင်းရွှေ့နေထိုင်ဖို့ အကြံထုတ်ကြတယ်။ မြောင်ဘုရင်ကြီးဟာ ရဲရင့်တဲ့မြောင်စစ်သည်တော်ကြီး ပူတင်းကို လျှို့ဝှက်လက်နက်တစ်ခုပေးကာ ကမ္ဘာမြေကို ကျူးကျော်မည့်အကြံစည်ကို အကောင်ထည်ဖော်ဖို့ စေလွှတ်လိုက်တယ်။ ဒါပေမယ့် သူရဲကောင်းကြီးဟာ သွားခါနီး မိုးလေ၀သသတင်းကို မကြည့်မိလို့ မုန်တိုင်းမိကာ အဆင်းမလှဖြစ်ခဲ့ရပြီး လျှို့ဝှက်လက်နက်ပျောက်ကာ အသက်ရှင်သန်ဖို့အရေး ကမ္ဘာပေါ်ကသက်ရှိတစ်ကောင်နေရာမှာ ၀င်ယူဖြစ်သွားရတယ်။ ဝူမိသားစုမှာ မိသားစုလေးယောက်ရှိပြီး ဘောလုံးလောကကနေ အနားယူထားတဲ့ ဂိုးဖမ်းသမားဟောင်း အဖေဖြစ်သူဟာ ထူးဆန်းထွေလာပစ္စည်းမျိုးစုံထွင်ပြီး ဘောလုံးလောကမှာလည်း အလုပ်ရှာနေတုန်းဖြစ်တယ်။ အမေဖြစ်သူဟာ နေရာစုံသရုပ်ဆောင်တဲ့ စွယ်စုံရမင်းသမီးကြီး။ သားဖြစ်သူဟာ ဒါရိုက်တာဖြစ်ချင်နေတဲ့ Prankster ပေါက်စလေး။ သမီးအငယ်ဆုံးလေး ယိုယိုကတော့ မွေးရာပါ ခြေထောာက်မသန်တာကြောင့် မပြေးနိုင် မဆော့နိုင်လို့ သူငယ်ချင်းမရှိတာကြောင့် သူ့အတွက် သူငယ်ချင်းတစ်ယောက်ပို့ပေးဖို့ ကောင်းကင်ဘုံဆီမှာ ဆုတောင်းလိုင်တယ်။ ယိုယိုရဲ့ဆုတောင်းပြည့်ခဲ့ရပြီး မြောင်သူရဲကောင်းပူတင်းဟာ ကြောင်၀တုတ်ကြီး ရှီရှီလီအနေနဲ့ ဝူမိသားစုထဲရောက်လာပြီးတဲ့နောက်မှာ သူ့ရဲ့ကမ္ဘာမြေပေါ် ကျူးကျော်မယ့်လုပ်ငန်းတွေ စတင်ပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း