Levels
စိတ်ဝင်စားဖို့ကောင်းတဲ့ သိပ္ပံစိတ်ကူးယဉ် Levels ဆိုတဲ့ဇာတ်ကားအသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။သိပ္ပံစိတ်ကူးယဉ်ကားတွေဆိုတာက ဒါရိုက်တာနဲ့ဇာတ်ညွန်းရေးဆရာရဲ့စိတ်ကူးတွေကိုကြိုက်သလို့ကွန့်မြူးပုံဖော်လို့ရတဲ့အတွက် ဒီကားမှာလည်း ရှုပ်ရှုပ်ထွေးထွေးခေါင်းစားစေပေမဲ့ စိတ်ဝင်စားစရာလည်းကောင်းနေအောင်ရိုက်ကူးထားတဲ့ဇာတ်လမ်းအသွားအလာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာဂျိုးဆိုတဲ့စာအုပ်ဆိုင်ပိုင်ရှင်တစ်ယောက်ကိုတွေ့ရမှာဖြစ်ပြီး သူလက်ရှိနေထိုင်နေတဲ့အချိန်ကာလက အခုလက်ရှိအချိန်ကာလထက်တောင်အများကြီးပိုတိုးတက်နေပြီဖြစ်ပါတယ်။တစ်နေ့မှာတော့စာအုပ်ဆိုင်ကိုလာတဲ့အက်ရှ်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့တွေ့ခဲ့ပြီး ခင်မင်ရင်းနှီးသွားကာ သိပ်မကြာခင်မှာပဲသမီးရည်းစားတွေဖြစ်သွားကြပါတော့တယ်။ဒါပေမယ့်ကံကြမ္မာကမျက်နှာသာမပေးတော့ သူတို့နှစ်ယောက်ကော်ဖီဆိုင်မှာချိန်းတွေ့နေတုန်း အက်ရှ်ခမျာသေနတ်နဲ့အပစ်ခံရပြီးသေဆုံးခဲ့ပါတော့တယ်။အဲ့ဒီနောက်ပိုင်းဂျိုးတစ်ယောက် မစားနိုင်မသောက်နိုင်အပြင်မထွက်နိုင်နဲ့တိုက်ခန်းထဲမှာပဲပိတ်နေတုန်း အက်ရှ်ကသူ့ဆီပြန်ဆက်သွယ်လာပြီး အက်ရှ်ကအပြင်ကမ္ဘာမှာတကယ်ရှိတဲ့လူအစစ်အမှန်ဖြစ်ကြောင်း သူကသရုပ်ဖော်ဖန်တီးမှုတစ်ခုကြားမှာနေထိုင်နေတာဖြစ်ကြောင်းတွေပြောပြပြီးနောက်မှာတော့ သူတို့ရဲ့ကမ္ဘာနှစ်ခုကြားမှာဘယ်လိုစိတ်ဝင်စားစရာတွေဆက်ဖြစ်လာမလဲ အက်ရှ်ကရောဒီကမ္ဘာမှာဘာလို့အသတ်ခံခဲ့ရတာလဲဆိုတာတွေကိုစိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း