The Silent War
တရုတ်နိုင်ငံပြည်တွင်းစစ်ဖြစ်ပွားချိန် ၁၉၅၀ ခုနစ်၀န်းကျင် မော်စီတုန်းနဲ့ ချန်ကေရှိတ်တို့ အားပြိုင်ကြပြီးနောက်မှာ ချန်ကေရှိတ်ဟာ ထိုင်၀မ်ကွျန်းကို တပ်ဆုတ်သွားရပြီး ပြည်မမှ ကွန်မြူနစ်အစိုးရက တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်သစ်ကြီးကို စတည်ထောင်ချိန်မှာ ဇာတ်အိမ်တည်ထားပါတယ်။ တစ်ဖက်ရန်သူတွေရဲ့သတင်းတွေကို ကြားဖြတ်ထောင်မယ့် ၇၀၁ ဆိုတဲ့ ဌာနကြီးတစ်ခုရှိတယ်။ သူတို့ဟာ မမြင်နိုင်တဲ့နေရာကနေ မမြင်ရတဲ့ရန်သူတွေနဲ့ တိုးတိုးတိတ်တိတ် တိုက်ပွဲ၀င်နေကြသူတွေဖြစ်တယ်။ တရုတ်ပြည်ကို ဂျပန်တွေကျူးကျော်ခဲ့စဉ်တုန်းက အသက် ၁၃ နှစ်အရွယ် ဟယ်ပင်းဟာ အစ်ကိုဖြစ်သူနဲ့အတူ ရွာထိပ်သစ်ပင်ပေါ်ကနေ ရန်သူဂျပန်တွေအလာကို စောင့်ကြည့်တတ်ကြတယ်။ တစ်နေ့မှာ ဂျပန်တွေက သူတို့ညီအစ်ကိုကိုတွေ့သွားပြီး သေနတ်နဲ့ပစ်လိုက်ရာ နှစ်ယောက်လုံးသစ်ပင်ပေါ်ကနေ ပြုတ်ကျပြီး အစ်ကိုဖြစ်သူဟာ ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရပြီး သတိမေ့နေတဲ့ ဟယ်ပင်းကတော့ ဂျပန်တွေက သေပြီအထင်နဲ့ ပစ်ထားခဲ့လို့ အသက်ရှင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် သူသတိရလာတဲ့အချိန်မှာတော့ သူ့ရဲ့အမြင်အာရုံကို ဆုံးရှုံးလိုက်ရတယ်။ မျက်မမြင်ဘ၀နဲ့ ဟယ်ပင်းဟာ ၁၆ နှစ်အရွယ်ရောက်လာတဲ့အချိန်မှာ အကြားစွမ်းရည်တိုးတက်လာပြီး ပျံနေတဲ့ခြင်ကတောင် သူ့အတွက် အနှောင့်ယှက်ဖြစ်လာခဲ့တယ်။ သူ့အရည်အချင်းကို သိသွားတဲ့ရွာသားတစ်ယောက်ဟာ ထိုအရည်အချင်းကိုအသုံးချပြီးေငွရှာဖို့အတွက် ရှန်ဟိုင်းကိုခေါ်လာကာ စန္ဒယားအသံညှိတဲ့သူတွေအဖြစ်နဲ့ လုပ်ကိုင်ကြတယ်။ ပြည်တွင်းစစ်ဖြစ်ပွားချိန်ရောက်လာေတာ့ ၇၀၁ ကနေ ရန်သူ့သတင်းတွေ ကြားဖြတ်နားထောင်ဖို့ လူသစ်တွေ စုဆောင်းနေချိန်ဖြစ်တာမလို့ အကြားပါရမီထူးတဲ့ ဟယ်ပင်းဟာ သူတို့အတွက် လိုအပ်တဲ့သူဖြစ်လာတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း