Aftermath
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ မင်းသားချော Dylan Sprouse (The Suite Life on Deck) ရဲ့ အက်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ တက်သစ်စမင်းသမီးချောလေး Megan Scott (Little Fires Everywhere) ကလည်း ဒိုင်လန်ရဲ့ ညီမလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားစစချင်းမှာတော့ အကျဉ်းသားတစ်ယောက်ကို ထောင်ကားနဲ့ နေရာရွှေ့ဖို့ စီစဉ်နေကြတာကို ပြသထားပါတယ်။ တစ်ဖက်မှာတော့ ‘အဲရစ်’နဲ့ ‘မက်ဒီ’တို့ မောင်နှမနှစ်ယောက်က ရုပ်ရှင်သွားကြည့်ဖို့အတွက် ဘော်စတွန်ရဲ့ တိုဘင်တံတားကိုအဖြတ် အကြမ်းဖက်သမားတွေက တံတားကို ဗုံးခွဲတိုက်ခိုက်ကာ တံတားပေါ်မှာရှိတဲ့ ပြည်သူတွေကို ပြန်ပေးဆွဲပါတော့တယ်။ အဲရစ်က တပ်ကြပ်အဆင့်ရှိတဲ့ စစ်သားဟောင်းတစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးသွားခဲ့တဲ့ စစ်ဆင်ရေးကအပြန် PTSD ရလာတာပဲဖြစ်ပါတယ်။ တံတားပေါ်ကနေ သူ့ ညီမလေး လွတ်မြောက်သွားအောင် ကူညီပေးရင်း သိလိုက်ရတာကတော့ အကြမ်းဖက်သမားတွေက တံတားတစ်ခုလုံးရဲ့ အောက်ခြေတိုင်တွေမှာ ဗုံးတွေကို တပ်ဆင်ထားတဲ့အတွက် တံတားပေါ်မှာရှိနေတဲ့သူတိုင်း လွတ်လမ်းမရှိတော့ပါဘူး။ အကြမ်းဖက်သမားတွေက ဘယ်လိုအကြောင်းကြောင့် ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းရတဲ့အပြင် တံတားကို ဗုံးတပ်ဆင်ထားတာလဲ - အကြမ်းဖက်သမားတွေနဲ့ ထောင်သားရဲ့ ဆက်ဆံမှုက ဘယ်လိုလဲ - အဲရစ်ကရော သူ့ ညီမလေးကို ကယ်တင်နိုင်ပါ့မလား - တံတားပေါ်က ပြည်သူတွေကိုရော ကယ်တင်နိုင်မလား ဆိုတာကို ဆက်လက်ရှုစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း