The Man with the Golden Gun
အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်မို ဒီတစ်ခါတော့ ဂျိမ်းစ်ဘွန်းရွှေခေတ်က ရုပ်ရှင်းကောင်းတစ်ပုဒ်ကို တင်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းဟာ 007 အဖြစ် မင်းသားကြီး Roger Moore ပါ၀င်သရုပ်ဆောင်ထားတဲ့ James Bond ရုပ်ရှင်တွေထဲက ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ - ဂျိမ်းစ်ဘွန်းတစ်ယောက် ကမ္ဘာဈေးအကြီးဆုံးလုပ်ကြံသတ်ဖြတ်ရေးသမားရဲ့ ပစ်မှတ်ဖြစ်လာရာကနေ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်က ဘွန်းကိုသတ်ဖို ဒေါ်လာတစ်သန်းပေးပြီး စကယ်ရာမန်ဂါဆိုတဲ့သူကို ငှားရမ်းခဲ့ပါတယ်။ နောက်ပိုင်းမှာ အဲဒီအမှုဟာ ဆိုလာစွမ်းအင်နည်းပညာနဲ့လည်း အများကြီး ရှုပ်ထွေးပတ်သက်နေမှန်း သိလိုက်ရပါတယ်။ အဲဒီအခါ ဘွန်းတစ်ယောက် သူ့ကိုသတ်မဲ့ လူသတ်သမားနောက်ကို ပြန်လိုက်ပါတော့တယ်။ အဲဒီလိုနဲ့ ဘွန်းတစ်ယောက် မစ်ရှင်အောင်မြင်ရေးအတွက် ဘာတွေကို ဘယ်လိုရင်ဆိုင်ရမလဲ၊ သူ့ကိုသတ်မဲ့ ကြေးစားလူသတ်သမားကို ဘယ်လိုစွန့်စားအနိုင်ယူသွားမလဲ၊ တွေ့ရဆုံရတဲ့ မိန်းမလှလေးတွေကို ဘယ်လိုချုပ်သွားမလဲဆိုတာ သည်းထိတ်ရင်ဖို ဇာတ်ကွက်တွေနဲ့အတူ ဆက်လက်ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း