ဇာတ်ကားများ ရွေးရန်

The Spy Who Loved Me

1977ဇာတ်ကားအမှတ် 7/10Blu-ray 1080p

ဒီရုပ်ရှင်ကတော့ Roger Moore ရဲ့ တတိယမြောက် ဂျိမ်းစ်ဘွန်းရုပ်ရှင်ဖြစ်ပြီး ထွက်ရှိထားသမျှ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေထဲမှာတော့ ၁၀ ကားမြောက်ဖြစ်ပါတယ်။ တော်ဝင်ရေတပ်ရဲ့ နျူကလီးယားရေငုပ်သင်္ဘောတစ်စင်း ထူးဆန်းစွာ ပျောက်ဆုံးသွားပြီးနောက် ‘ဂျိမ်းစ်ဘွန်း’က ရုရှားဘက်က ဗိုလ်မှူး ‘အမာဆိုဗာ’နဲ့အတူတူ ပူးပေါင်းပြီး လျှို့ဝှက်စစ်ဆင်ရေးတစ်ခု ပြုလုပ်ကြဖို့ အကြောင်းဖန်လာပါတယ်။ အန်ဂလို- ဆိုဗီယက်ပူးပေါင်းရတဲ့ အကြောင်းရင်းကတော့ ရုရှားတွေဘက်က ရေငုပ်သင်္ဘောတစ်စင်းပါ ပျောက်ချင်းမလှ ပျောက်သွားခဲ့တာမလို့ပါပဲ။ ဒါပေမဲ့ ပူးပေါင်းမှုမစတင်ခင် ဂျိမ်းစ်ဘွန်းက ဩစတြီးယားမှာ စစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ရင်း အမာဆိုဗာရဲ့ ချစ်ရသူ ရုရှားစပိုင်တစ်ဦးကို သတ်မိထားတဲ့အခါ သူတို့ရဲ့ ပူးပေါင်းစစ်ဆင်ရေးက အဆင်ချောပါ့မလား။ နျူကလီးယားရေငုပ်သင်္ဘောတွေကရော ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ။ ဒီတစ်ခါ ကိုယ်တွေရဲ့ ဇာတ်လိုက်ကျော် အေးဂျင့် ၀၀၇ က ဘယ်လိုရန်သူနဲ့ရင်ဆိုင်ရမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Leon K Zaw ကတင်ဆက်ထားပါတယ်။

ဇာတ်လမ်းအကြောင်း