ဇာတ်ကားများ ရွေးရန်

Mission Milano

2016ဇာတ်ကားBlu-ray 1080p

နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အရည်သွေးမြင့်ဟာသကားမျိုးကြည့်ချင်‌တယ်ဆိုရင် ဒီကားလေးကိုကြည့်ဖို့ ပြောချင်ပါတယ်။ အဓိက ဇာတ်ဆောင်တွေအနေနဲ့ကတော့ Andy Lau နဲ့ Huang Xiaoming တို့ပါ၀င်ထားပါတယ်။ ပေါက်ကရအဆင့်မြင့်နည်းပညာတွေနဲ့ Action/Comedy အမျိုးအစားပါ။ အရာရှိဟုန်းဟာ အင်တာပိုအေ့ဂျင့်တစ်ယောက်ဖြစ်ပြီး ရေလောင်းလိုက်ရုံနဲ့ တခဏအတွင်း အပင်ပေါက် အသီးသီးတဲ့ နတ်မျိုးစေ့အမှုကို စုံစမ်းဖို့ တာ၀န်ကျလာတယ်။ အဲ့ဒီနတ်မျိုးစေ့ပရော့ဂျက်ကို စပွန်ဆာပေးထားတာဟာ လော့မိသားစုပိုင်နည်းပညာကုမ္ဗဏီတစ်ခုကဖြစ်တယ်။ လော့မိသားစုဟာ မျိုးဆက် ၃၀ ကျော်နီးပါး ငတက်ပြားလုပ်ခဲ့တဲ့ နာမည်ကြီးမိသားစုဖြစ်ကြပြီး လက်ရှိအချိန်မှာတော့ လော့လူး၀စ်က ဦးဆောင်နေတယ်။ နတ်မျိုးစေ့ကို မသမာ‌သူလူဆိုးဂိုဏ်းတွေပါ ဘိန်းစိုက်ရာမှာ သုံးဖို့ မျက်စေ့ကျနေကြပြီး လော့လူး၀စ်တို့ ကုမ္ဗဏီထဲမှာပဲ တီထွင်သူ ‌ဒေါက်တာကြီးရော နတ်မျိုးစေ့ပါ ပြန်ပေးဆွဲခံလိုက်ရတယ်။ ငတ်မွတ်ခေါင်းပါးမှုကို ဖြေရှင်းပေးဖို့ဆန္ဒနဲ့ ကြိုးစားတီထွင်ခဲ့တဲ့ လော့လူး၀စ်ဟာ အင်တာပိုအရာရှိဟုန်းနဲ့ပေါင်းပြီး နတ်မျိုးစေ့ကို မသမာသူတွေရဲ့လက်ထဲကနေ ပြန်လည်ရယူဖို့ တာ၀န်ကျလာပါတော့တယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Su ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း