ဇာတ်ကားများ ရွေးရန်

Assassination Classroom

2015ဇာတ်ကားBlu-ray 1080p

ဂျပန် manga series ပရိသတ်တွေ အကြိုက်တွေ့မဲ့ sci-fi ပုံစံ ဂျပန်ကျောင်းသား ဟာသအက်ရှင်ဇာတ်လမ်းလေးနဲ့ မိတ်‌ဆက်ပေးချင်ပါတယ်။ နာမည်တူ manga series ကိုပဲ ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ - ဂျပန်အလယ်တန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသားတွေရဲ့အဆင့်လိုက် အတန်းခွဲလိုက်တဲ့အခါ အညံ့ဆုံးကျောင်းသားတွေဟာ ဘိတ်ချေးတန်းလို့ခေါ်ကြတဲ့ အတန်း E မှာ သွားစုနေပါတယ်။ အဲဒီအတန်းမှာ နာဂီဆာဆိုတဲ့ ကျောင်းသားလေးလည်း ပါ၀င်ပါတယ်။ တစ်နေ့တော့ သူတို့အတန်းကို ထူးဆန်းတဲ့ဆရာတစ်ယောက် ရောက်လာပါတယ်။ သူကတော့ ရေဘဝဲပုံစံကိုယ်ထည်ရှိတဲ့ စွမ်းအားမြင့်သတ္တဝါ ဂြိုလ်သားတစ်ယောက် ဖြစ်ပါတယ်။ ကျောင်းသားတွေက သူ့ကို ဆရာကိုရိုလို့ နာမည်ပေးထားကြပါတယ်။ ပိုထူးဆန်းတာကတော့ ကျောင်းသားတွေက ဆရာကိုရိုကို သတ်ရမှာဖြစ်ပြီး ဆရာကိုရိုက အတန်းစာတွေအပြင် သူ့ကိုသတ်နိုင်မဲ့နည်းတွေကိုလည်း လေ့ကျင့်ပေးပါတယ်။ အဲ‌ဒါကြောင့် သူတိုအတန်းကို လုပ်ကြံသတ်ဖြတ်ရေး စာသင်ခန်းလို့ ခေါ်ပါတယ်။ စွမ်းအားမြင့် ဂြိုလ်သတ္တဝါဆန်းဖြစ်တဲ့ ဆရာကိုရိုဟာ လကိုဖျက်ဆီးခဲ့ပြီး ကမ္ဘာမြေကိုလည်းဖျက်ဆီးပစ်မဲ့သူပါ။ ကမ္ဘာကိုမဖျက်ဆီးခင်မှာ သူ့ကိုသတ်ဖို့ အခွင့်အရေးပေးခဲ့ပေမဲ့ ကမ္ဘာပေါ်က ဘယ်လက်နက် ဘယ်လိုအရာကမှ သူ့ကိုမဖျက်ဆီးနိုင်ခဲ့ပါဘူး။ အဲဒါကြောင့် ဆရာကိုရိုဟာ အစိုးရနဲ့အပေးအယူလုပ်ပြီး ကျောင်းကအပယ်ခံ အတန်း E ကျောင်းသားတွေကို သူ့ကိုသတ်ဖြတ်နိုင်အောင် လေ့ကျင့်ပေးဖို့ ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ဆရာကိုရိုနဲ့ နာဂီဆာတိုကျောင်းသား‌တွေကြား ဘာတွေဆက်ဖြစ်လာမလဲ၊ ဘယ်လိုအခက်အခဲ အတာအဆီးတွေ ရင်ဆိုင်ကြရမလဲဆိုတာကိုတော့ ဆက်လက်ပြီး ကြည့်ရှုလိုက်ပါနော်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Katie ဖြစ်ပါတယ်

ဇာတ်လမ်းအကြောင်း