16 Blocks
Action ကိုမှ Drama ပါးပါးလေးထည့်ထားတဲ့ ရာဇဝတ်မှုခင်းကားဖြစ်ပြီး မင်းသားကြီး Bruce Willis က ပင်စင်ယူတော့မယ့် ရဲအရာရှိဂျက်မိုစလီအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂျက်က ပင်စင်ယူကာနီးမှာ နောက်ဆုံးမစ်ရှင်အဖြစ် သက်သေခံထွက်ဆိုမယ့် မျက်မြင်သက်သေအကျဉ်းသားအက်ဒီကို သူရှိတဲ့နေရာကနေ 16ဘလော့ဝေးတဲ့ တရားရုံးချုပ်ဆီ အချိန်မီပို့ပေးရမယ့်တာဝန် ယူလိုက်ရပါတယ်။ ဒါမဲ့ အက်ဒီကို သူခေါ်လာတဲ့လမ်းမှာ လက်နက်ကိုင်တစ်စုက နောက်ကလိုက်လာပြီး ပစ်ခတ်တဲ့အတွက် ဝရုန်းသုန်းကားဖြစ်သွားပါတယ်။ အဖြစ်မှန်က အက်ဒီက အကျင့်ပျက်ခြစားတဲ့ရဲအရာရှိတွေနဲ့ဆန့်ကျင်သက်သေခံရမှာဖြစ်ပြီး နယူးယောက်ရဲဌာနတစ်ခုလုံးက ဒီလိုမဖြစ်စေချင်တဲ့အတွက် အက်ဒီကို အသေပစ်သတ်ဖို့ ဆုံးဖြတ်ပြီး လိုက်လာတဲ့အခါ...အမှန်တရားဖော်ထုတ်ဖို့ ဂျက်က အက်ဒီ့ကို စွန့်စားကယ်တင်မှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း