Broken Vows
ကမ္ဘာပေါ်မှာ အချစ်ဆိုတဲ့အရာကအကောင်းဆုံးဆိုပေမဲ့ အရမ်းလွန်ကဲလွန်းသွားရင်လည်းမကောင်းပါဘူး။ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကိုမှ ကိုယ့်ဖက်ကတစ်ဖက်သတ်အတင်းတွေလိုက်ချစ်နေမိရင်ပိုဆိုးပါသေးတယ်။အဲ့ဒီအခါကျတော့မလိုလားအပ်တဲ့ မဖြစ်သင့်တဲ့အရာတွေဖြစ်လာပြီး နောက်ဆုံးမှာတော့ဆိုးဝါးတဲ့ရလာဒ်တွေရလာတတ်ပါတယ်။အဲ့ဒီအကြောင်းအရာတွေကိုမျက်စိထဲကွင်းကွင်းကွက်ကွက်မြင်သာလာအောင်ရိုက်ကူးပြသထားတဲ့ ၂၀၁၄ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Broken Vows ဆိုတဲ့ဒရာမာဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။တယ်ရာဆိုတဲ့အမျိုးသမီးတစ်ယောက်က မကြာခင်မှာမင်္ဂလာဆောင်တော့မှာဖြစ်တဲ့အတွက် သူတို့ရဲ့ထုံးတမ်းစဉ်လာအတိုင်း အပျိုအားလပ်ရက်ကို မိန်းကလေးတွေချည်းပဲဖြတ်သန်းခဲ့ပါတယ်။အဲ့ဒီအားလပ်ရက်အတွင်းမှာ တယ်ရာက ဘားမှာတွေ့တဲ့ ပက်ထရစ်ဆိုတဲ့လူတစ်ယောက်နဲ့မှားခဲ့မိပြီး နောက်နေ့မှာတော့အိမ်ကိုအမြန်ပြန်ပြေးလာခဲ့ပါတော့တယ်။သူ့ခင်ပွန်းလောင်းရှေ့မှာဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့ပေမဲ့ ပက်ထရစ်ကသူ့ကိုအရမ်းတွေစွဲလမ်းသွားပြီး အိမ်အထိလိုက်လာတဲ့အခါမှာတော့ပြဿနာတွေစလာခဲ့ပါတော့တယ်။ဒီလိုနဲ့တယ်ရာလည်း တဖြည်းဖြည်း မင်္ဂလာဆောင်ဖို့နီးလာပြီး ပက်ထရစ်ကလည်း သူ့ကိုမချစ်တဲ့တယ်ရာ့နောက်က တကောက်ကောက်လိုက်ရင်း မဖြစ်နိုင်တဲ့အချစ်တစ်ခုကိုဖန်တီးဖို့ကြိုးစားရင်းနဲ့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကောင်းအောင်ရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်း