Phullwanti
ခုနစ်ပြည်ထောင်မက လူအပေါင်းကစွဲလမ်းရတဲ့ ကချေသည်မလေး ပူလာဝတီ..။ ဧကရာဇ်မင်းတွေကိုယ်တိုင်က လိုချင်တသသဖြစ်ကြရတဲ့အလှပဂေးလေး။ ပြည့်ရတနာလို တန်ဖိုးရှိလှတဲ့မိန်းမလှလေးတစ်ယောက်ပေါ့။ တစ်နေ့မှာ ပူနေးမြို့ကိုသွားပြီး ကပြဖျော်ဖြေရဖို့အကြောင်းဖန်လာခဲ့တယ်။ ဒါပေမဲ့ ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်နဲ့ သူမ စော်ကားခံခဲ့ရတယ်။ ပူနေးတစ်မြို့လုံးက လေးစားကြည်ညိုရတဲ့ စာပေပညာရှင်တစ်ဦးဟာ သူမကို ပြည့်တန်ဆာမလို့ သမုတ်လိုက်သတဲ့လေ။ အဲ့ဒါကြောင့် သူမကလည်း မခံမရပ်နိုင်ဖြစ်ပြီး စိန်ခေါ်ပွဲတစ်ခုကိုတောင်းဆိုပါတော့တယ်။ အဲ့ဒါကတော့ ဒီပြိုင်ပွဲမှာ သူရှုံးခဲ့ရင် စာပေပညာရှင်ရဲ့အိမ်မှာ အစေခံသွားလုပ်မှာဖြစ်ပြီး စာပေပညာရှင်ဘက်က ရှုံးခဲ့ရင်တော့ သူမရဲ့ခြေချင်းကိုဝတ်ခိုင်းပြီး တိရစ္ဆာန်တစ်ကောင်လို မြို့အနှံ့ဆွဲခေါ်သွားခံရမတဲ့လေ။ ဘဝနဲ့ရင်းထားရတဲ့ ဒီပြိုင်ပွဲမှာ ဘယ်သူကများနိုင်ပြီး ဘယ်သူကရှုံးလေမလဲ...။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zed ဖြစ်ပါတယ်။
ဇာတ်လမ်းအကြောင်း